ကားအကြောင်း ပြောနေရင်း လင်းသန့်ကြည် ဘဂျမ်းကိုသတိရပြီး ပြုံးရသေးသည်။
"ဟဲ့...အတော် ပျော်နေတာလား...တစ်ယောက်ထဲ စမိုင်းစိစိနဲ့"
ဝတ်ရည်ရဲ့ ဘုတောစကားသံ
"အေးလေ...ကားအကြောင်းပြောတော့ ဟိုနေ့က ဘဂျမ်းကားငှားပေးတာကောင်းလွန်းလို့ ရေတောင်မချိုးဘဲ ထမင်းပြေးစားရတာ တွေးမိလို့"
လင်းသန့်ကြည်ပြောတော့ ဝတ်ရည်လဲ ပြုံးစိစိနဲ့ ဖြစ်နေတာရော။
အာကာက ဘာလဲဟူသော အကြည့်နဲ့ကြည့်တာကြောင့် ဝတ်ရည်ကရှင်းပြနေတာ။
တကယ်ပဲ ဘဂျမ်း ပျောက်ချက်သားကောင်းလှသည်။
တစ်ချက်မှ ပေါ်မလာတာပါ။
နေလို့တော့ကောငး်မယ်ထင်ပါသည်။
ဒီရက်ပိုင်း အလုပ်တွေများလွန်းလို့ လင်းသန့်ကြည် ဘဂျမ်းကိုသတိမရမိပါ။ ခုမှ ထပြီးသတိကရနေတာ။အာကာရှိတော့ လင်းသန့်ကြည် သိပ်အလုပ်မများပါ။ ဒါကြောင့်...ဆေးခန်းရှေ့လေးမှာ ခုံတစ်လုံးနဲ့ထိုင်ပြီး စာပဲဖတ်နေတယ်။
မကြာဘူး..ခြေသံတဖြတ်ဖြတ်နဲ့ သူ့ရှေ့ရောက်လာတဲ့ ကြက်ပေါင်ဖိနပ်စီးထားတဲ့ ခြေအစုံ...
ဘယ်သူဘာလိမ့်ရယ်ဆိုပြီး မော့ကြည့်တော့ လင်းသန့်ကြည်ကို ငုံ့ပြီးကြည့်နေတဲ့ ဘဂျမ်း.....လင်းသန့်ကြည် ဒိတ်ကနဲ ခုန်သွားတဲ့ရင်ကိုဖိပြီး ထရပ်လိုက်မိတယ်။ လန့်သွားတာ....ဟုတ်တယ်....ရုတ်တရက်ဆိုတော့လန့်ပြီး ရင်ခုန်သွားတာ။
တစ်ယောက်နဲ့တစ်ယောက်ကြည့်နေမိတာ အကြာကြီး....စကားကို ပြောလို့မရသေးတာ။
ဒီနေ့ပဲ သူ့ကို သတိရမိပြီး သူ့အကြောင်းပြောနေသေးတာရော...ချက်ချင်း စွေ့ဆိုရောက်လာတယ်။ လက်ထဲမှာလဲ ဘာတွေပါလိမ့်။
သူ့လက်ထဲကအထုတ်တွေကို လှမ်းကြည့်တာမြင်ရမှပဲ ဘဂျမ်းသတိကပ်တော့သည်။"ဆရာ....ကျွန်တော်လေ...အမေက ရွာကိုပြန်လာလို့ခေါ်လို့လေ....ခဏပြန်တာပါ....ပြန်ရောက် ရောက်ချင်း ဆရာ့ဆီလာခဲ့တာ....ဟိုလေ....ဒီမှာ...ဆရာနဲ့ဆရာမတို့အတွက်ပါ....လက်ဆောင်ပါ...ပေးစရာကလဲ ရွာမှာ ဒါပဲရှိလို့... ဆရာ...ပုစွန်ကြိုက်လားဟင်..ပုစွန်ချက်ပြီးထည့်လာတယ်...ဒီမှာ ဒီဗူးထဲမှာ.....ငါးခြောက်နဲ့ ငါးဆားနယ်လဲပါတယ်....ဆရာ ယူပါနော်"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....
part(23)
Start from the beginning