ငယ်စဥ်ကဆို အဖေက ငါးဒိုင်မှာအလုပ်လုပ်သူမို့ ပုစွန်စားရသည်။ ခုလို မိုးတွင်းအချိန်တွေ ပုစွန်တက်တတ်တာကြောင့်ပိုလို့ပင်စားရတတ်သည်။ အမေက ငါးဒိုင်ကနေ ဒိုင်စျေးနှင့်ရသော ငါးများကို ဆားသိပ်သည်။ ငါးခြောက်လုပ်သည်....ပြီးလျှင်မြို့ကိုပို့ပြီးရောင်းသည်။
အဖေရှိစဥ်က ဘဂျမ်းတို့သိပ်တော့အခြေအနေမဆိုးခဲ့။ အဖေက အသည်းရောဂါဖြစ်တော့ ဆေးကုရတာကြောင့်သာ လုံးပါးပါးပြီးကျန်ခဲ့ရခြင်းဖြစ်သည်။

အမေပုစွန်ချက်သည့်လက်ရာက အရမ်းကောင်းသည်။
စားနေရင်း ရန်ကုန်ယူသွားပြီး ကျွေးချင်သည့်စိတ်တွေတားမရတာကြောင့် အမေ့ကို ရန်ကုန်အပြန်ချက်ထည့်ပေးဖို့ပြောရသည်။ အမေကတော့ သူ့သားထူးထူးဆန်းဆန်းတောင်းဆိုတာပေမဲ့ ချက်ပြီးထည့်ပေးဖို့ ပြင်တော့သည်။

ရန်ကုန်ပြန်သည့်နေ့မှာ ခါတိုင်းနဲ့ မတူတော့ပါ။ အရင်ကဆို အိတ်တစ်လုံးလွယ်ကာပြန်ခဲ့သော ဘဂျမ်း....ခုတော့ ဝန်စည်စလည်အတော်များများပါသည်။ ငါးရံ့ခြောက်တွေ...ငါးဆားနယ်တွေ....ပုစွန်ကချက်ပြီး ဗူးနဲ့ထည့်ပေးလိုက်သေးသည်။ ဒါတောင် ပြန်ကာနီးညကအမေလေ..... ညကချက်ကျွေးတဲ့ မုန့်ဟင်းခါးကို နွှေးပြီးထည့်ပေးဖို့လုပ်နေသေးတာ.....ဘဂျမ်းကသာသယ်ရခက်လို့ထားခဲ့ခြင်း။
.
.
.
.
လင်းသန့်ကြည်နဲ့ ဝတ်ရည်လဲ ထုံးစံအတိုင်း အိမ်ရယ် ဆေးရုံရယ် ဆေးခန်းရယ် မနားရ မအားရ။
ကားကိစ္စကလဲ လုပ်ရသေးတာကိုး။ ဝတ်ရည်က လင်းသန့်ကြည်ကို လုံးဝအလစ်မပေးတော့ဘဲ ကားကြည့်တိုင်းလိုက်တော့သည်။ ကိုငြိမ်းမိုးနဲ့လဲ ဒီရက်ပိုင်း မကြာမကြာ တွေ့ဖြစ်ကြသည်။ ကားကိစ္စကို ပါပါးကနောက်ပိုင်း ကိုငြိမ်းမိုးဆီသာကိုသာ အပ်ထားတော့သည်။ တစ်ပတ်ရစ်သန့်သန့်လေးတွေ့တော့ ကိုငြိမ်းမိုးလဲ သဘောကျသည်.... လင်းသန့်ကြည်လဲ သဘောကျသည်။ ဝတ်ရည်တော့ သဘောကျပေမဲ့ အင်တင်တင်ရယ်...သူက အစကတည်းက အသစ်ဝယ်ချင်တာကိုး။

ည​နေဆေးခန်းရောက်တော့ ...အာကာကပဲ အလုပ်လုပ်ရင်း အားတာနဲ့ ချော့ပြောပေးနေတော့တာ။ တစ်ပတ်ရစ်အရင်စီးထား...နောက်မှာ ကားလဲဖို့ပေါ့။
အံမယ်....သူ့ကိုကိုပြောတော့ ဟုတ်သလိုလိုနဲ့ခေါင်းတညိမ့်ညိမ့်။
လင်းသန့်ကြည်ကတော့ ဘာမှသိပ်မပြောဘဲ လွှတ်ထားပေးလိုက်သည်။ တစ်ချက်တစ်ချက်ဝင်ပြောရင်လဲ ဆောင့်ကြီးအောင့်ကြီးပေါ့။
ဒီလိုနဲ့ ဒီရက်ပိုင်းမှာဘဲ ကားဝယ်ဖြစ်တော့မယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now