"ဟုတ်ကျွန်တော်တို့ အခုလာတဲ့အကြောင်းအရင်းက ခွန်သာလေးနဲ့ကမ္ဘာလေးကြောင့်ပါ"
"ဟမ် ကမ္ဘာက ဘယ်သူလဲ"
"Hkခဗျားကလေ ကိုယ့်သားနာမည်တောင်သေချာမသိဘူးလား ကဲပါထားပါတော့ ကျွန်တော်တို့ပဲအစအဆုံးပြောပြပါ့မယ်"
"ဒီတစ်ခါတော့ ကျွန်တော်ခဗျားတို့ကိုတစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ"
"လွန်ခဲ့တဲ့၂နှစ်အရင်က ခွန်သာလေးထွက်သွားတာခဗျားသိပါတယ်နော်"
"သိပါတယ် ကျွန်တော့်ကြောင့်ပါ"
"ခွန်သာလေးက ခဗျားရှာမတွေ့အောင်လဲအကွက်ချပီးထွက်သွားတယ်ဆိုတာရောသိလား"
"ဟမ်!"
"ဟုတ်တယ် သူထွက်မသွားခင်ခဗျားရဲ့ရိုက်နှက်ထားတဲ့ဒဏ်ရာတွေကြောင့် မဟန်နီထိာင်တဲ့ဆေးရုံမှာဆေးကုခဲ့တယ် ဒါပေမဲ့အခီန်ခဏလေးအတွင်း သတိပြန်ရလာတယ် ပီးတော့ကျွန်တော်တို့ကိုအကူအညီတောင်းတယ် ကျွန်တော်တို့လဲ ဒီကလေးကိုခဗျားနဲ့အဝေးဆုံးပို့ပေးချင်တာကြောင့်လက်ခံခဲ့တယ် အဲ့နေ့ညမှာပဲ ခွန်သာလေးကသူ့အဖေမထွက်သွားခင်ကပေးခဲ့တဲ့ဖုန်းနံပါတ်ကိုဆက်ပီးသူ့အဖေဆီသူလာတော့မဲ့အကြောင်းကိုပြောတယ် အဲ့ဒါနဲ့ခွန်သာလေးရဲ့အဖေက သူရဲ့သူငယ်ချင်းကိုအကူအညီတောင်းပီး လေယဉ္လက်မှတ်တစ်ခုထဲနဲ့ခွန်သာလေးကိုသူ့အဖေဆီပို့ပေးခဲ့တယ် ခွန်သာလေးရဲ့အဖေက ဘယ်မှာနေလဲဆိုတာ ကျွန်တော်တို့ အဲ့ညကမသိခဲ့လိုက်ဘူး"
"အဲ့တာကြောင့် ကျွန်တော်ဘယ်လိုမှရှာမတွေ့တာကို"
"ခွန်သာလေး ထွက်သွားပီးတစ်ပတ်လောက်ကြာတော့ ကျွန်တော်တို့ကိုဆက်သွယ်တယ် ဘယ်မှာလဲလို့မေးတော့ သူ့ပါပါးရှိတဲ့U.Kမှာတဲ့ သူ့ပါပါးကလဲ U.Kမှာ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားတာတဲ့ ဒါပေမဲ့ ခွန်သာလေးရဲ့ပါပါးက ခွန်သာလေးကို လွမ်းတဲ့စိတ်ကြောင့် နှလုံးရောဂါရသွားခဲ့တယ် အဲ့ဒါကြောင့် ခွန်သာလေးက ကိုယ်ဝန်တစ်ဖတ်နဲ့အဲ့ဆိုင်လေးကို တာဝန်ယူခဲ့တယ် ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ ခွန်သာလေးရောက်ပီး ၃လကြာမှာတော့ သူ့ပါပါးဆုံးသွားခဲ့တယ်"
YOU ARE READING
My Baby's Father is not You (Complete)
Romanceငါ မင်းမိဘတေကိုမုန်းတယ်ခွန်သာ အေ အဲ့လိုပဲ မင်းကိုလဲ ငါ မုန်းတယ် ပီးတော့မင်းကငါ့ရဲ့အရာရာဖြစ်နေတာကိုလဲ ငါမုန်းတယ် ဈာန်ကမ္ဘာ ခဗျားကျနော်ကို မုန်း ကြိုက်သလောက်မုန်း ကျွန်တော်လဲ ကျွန်တော်ကိုမယုံကြည်နိုင်တဲ့ ခ...
Part 41 (U&Z)
Start from the beginning