'ကိုယ့်ရဲ့ကလေးလေး ကျေနပ်တဲ့အထိကိုယ့်အပစ်တွေကို ဝန်ခံပီး ကလေးလေးနာကျင်ခဲ့ရတာတွေအတွက် ကိုယ်ပေးဆပ်ပါ့မယ် ကလေးပေးတဲ့အပစ်တွေ အားလုံးကို ကိုယ်ကျေကျေနပ်နပ်ကြီးခံယူမှာမို့ ကိုယ်ဆီပြန်လာပေးပါ'

"Boss ရောက်ပီ"

ဈာန်အသစ်ဖွင့်ထားတာမကြာသေးတဲ့ center ကြီးထဲကို ဝင်လာတော့ သူ့ကိုထွက်ကြိုနေကြတဲ့ဝန်ထမ်းတယ်။ဒီ Centerကြီးကပိုင်တယ်ဆိကိုသာမာန်လူတွေမသိပါ။ဘာလိုဒီCenterကြီးနဲ့ပတ်သက်ပီး ဘယ်Mediaနဲ့မှလဲမတွေ့ဆုံခဲ့သလို ဘာပွဲမှလဲမလုပ်ခဲ့တာကြောင့် ဒီCenter ကြီးရဲ့ပိုင်ရှင်ကဈာန်ဆိုတာကိုဘယ်သူ့မှမသိခြင်းသာ။

ဝန်ထမ်းတွေအကုန်လုံးကလဲ သူတို့ရဲ့ သူဌေးကိုမြင်ရော ပါးစပ်အဟောင်းသားနဲ့ဖြစ်ပေမဲ့လဲဘယ်သူ့မှ မော့မကြည့်ရဲတာကြောင့် ခေါင်းကို ငုံ့ထားကြသည်။

ဈာန် Centerကြီးထဲလျှောက်လာတော့ အနောက်ကနေ မန်နေဂျာတွေအကုန်လုံးလိုက်လာရသည်။

အပြင်မှာကျန်ခဲ့တဲ့Bodygardတွေကတော့ ဘယ်ကနေဘယ်လိုရောက်လာမှန်မသိတဲ့ Mediaသမားတွေးကို အထဲမဝင်နိုင်အောင်တားဆီနေကြသည်။

"သူဌေး ဘယ်ကနေစ စစ်ချင်လဲ ကျွန်တော်တို့ဘယ်လိုလိုက်ပြပေးရမလဲ"

"အပေါ်က အသုံးအဆောင်တွေမလား"

"ဟုတ်ကဲ့"

"ဒါကအဝင်အဝနားဆိုတော့ ဒီနားကနေပဲစ စစ်မယ် ဇော်ထူး လိုက်ခဲ့ မင်းငါ့ကိုရှင်းပြရမယ်"

"ဟုတ် Boss"

ဈာန်လဲ အတွင်းထဲ ဝင်ပီးလိုက်ကြည့်နေသည်။ဘေးကဇော်ထူးကတော့ တစ်ခုမကျန်လိုက်ရှင်းပြနေရှာသည်။Customerတွေကလဲသူတို့လိုတာတွေကိုဝယ်ယူနေကြသည်။

ဈာန်တစ်နေရာရောက်တော့ရပ်လိုက်သည်။အဲ့ပစ္စည်းတန်းက Babyလေးတွေရဲ့ ပစ္စည်းလေးတွေရှိတဲ့နေရာ။

'ငါ့ရဲ့အသဲအသက်လေးပိစိလေးလဲ ဒီလိုပစ္စည်းတွေသုံးရတာပေါ့ သားသားလား မီးမီးလားမသိပေးမဲ့ Daddyချစ်တယ်နော်'

ကလေးပစ္စည်းလေးတွေတစ်ခုချင်းစီကြည့်ပီးသူ့အတွေ့နဲ့သူပြုံးနေတဲ့ ဈာန်ပိုဘေးနားကဇော်ထူးက ကြည့်နေမိသည်။

My Baby's Father is not You (Complete)Where stories live. Discover now