" ကြည့်ရသိပ်မကောင်းဘူးထင်တယ်.. "

ကိုယ့်မျက်မှန်ပုံစံကိုကြည့်ပြီး ဘီးကုပ်ကိုချွတ်လိုက်ရပြန်သည်.. ။

ဆံပင်ကိုမြှောက်စီးရအောင်လည်း ဂါဝန်လေးဝတ်ထားတော့ ဆံပင်ကိုဒီတိုင်းလေးပဲချထားချင်ပြန်သည်.. ။

ချထားပြန်တော့လည်း ရိုးနေသလို.. ရှေ့ဆံမြိတ်ကမျက်နှာကို အုပ်ချင်နေသလို ။

ခေါင်းဖြီးလေးယူပြီး ရှေ့ဆံမြိတ်တွေစုဖြီးသိမ်းကာ နောက်ကိုလှန်ချပြီးဖဲပွင့်ဖြူ ကလစ်လေးနဲ့ညှပ်ထားလိုက်သည် .. ။

ရှေ့ဆံမြိတ်သိမ်းပြန်တော့ နဖူးကအတော်ရှင်းပြောင်သလိုခံစားရနေပြန်တော့ ခေါင်းဖြီးလေးနဲ့ အသာဆံစလေးတွေ ကျလာအောင်ဖြီးလိုက်သည်.. ။

နောက်ဆုံးလက်လေးနဲ့အသာပုပ်ချရင်း ပြင်ဆင်မှုပြီးပြီ.. ။

သူများတွေလိုလိမ်းခြယ်ရအောင်လည်း ကျောင်းသူမို့ခြယ်သပြင်ဆင်တဲ့ ပစ္စည်းတစ်ခုမှမရှိနေ..။

" ရပါပြီ.. အရိုးဆုံးသည်သာ အလှဆုံးဖြစ်တာပဲလို့ပြောတာပဲကို "

တီးတိုးရေရွတ်ရင်း မတ်တပ်ရပ်ကာဂါဝန်စလေးကိုဆွဲချပြီး မှန်ထဲတစ်ခါကြည့်လိုက်သည်.. ။

ပြီး ပေါ့ပါးဟန်နဲ့ အောက်ထပ်လေးကို သွက်သွက်လက်လက် လေးဆင်းသွားလိုက်သည်.. ။

" အမေ.. နိုနို အဆင်သင့်ဖြစ်ပြီ "

" အတော်ပဲ.. ခဏနေ ဘုန်းဘုန်းတွေကြွလာတော့မယ် သမီးအဖေသွားပင့်နေပြီ "

" ဟုတ်.. နိုနို ဘာလုပ်ကူရမလဲ "

" အလုပ်တွေတော့ ပြီးနေပြီ.. ခဏနေ ဘုန်းဘုန်းတို့ကို ဆွမ်းကပ်မှ ဟင်းပွဲတွေသယ်ကူပေး "

" ဟုတ်ကဲ့ "

ကျွီ.. ။

" ဟော.. ကားသံကြားတယ် ရောက်လာကြပြီထင်တယ် "

အမေက ပြောပြောဆိုဆိုနဲ့ အိမ်ရှေ့ခပ်သွက်သွက်လေး ထွက်သွားတော့ နိုနိုလည်းနောက်ကကပ်လိုက်သွားလိုက်သည်.. ။

အဖေက ကားပေါ်ကနေဆင်းပြီးလို့တောင် ဘုန်းဘုန်းတွေကိုတံခါးဖွင့် ပေးနေပြီ.. ။

မူဂျီအယ်လ်Where stories live. Discover now