(1)

4.5K 231 26
                                        


"တော်တော့ ​မင်ဆူရာ။ ငါမကြားချင်တာ အဲ့လိုစကားမျိုးတွေပဲ။ ယောင်း!! အသံတိုးစမ်း"

ဖုန်းပြောနေရင်းစိတ်တိုနေသော Hoseokသည် စောစောစီးစီးအခန်းထဲဝင်ကာ လက်လက်ထနေသူအား လှမ်းမာန်မဲလိုက်သည်။ အိပ်ယာနိုးခါစဆံပင်စုတ်ဖွားဖြင့် ဒေါသမိုးပြိုနေသည့် Hoseokအား Taehyungကမျက်စောင်းခဲကာ မထီမဲ့မြင်ပြု၍ volumeကို ပိုတိုးတင်လိုက်ပြီး ဘယ်လောက်မှမကြာသောအချိန်တွင် လက်သီးဆုပ်လောက်နာရီငယ်က သူ့ခါးဆီတည့်တည့်လာမှန်သည်။ နာရီလေးမှအလှပါသောခက်ရင်းပုံစံကီးချိန်းလေးဖြင့်တည့်တည့်လာမှန်သည့်အတွက် Taehyungမျက်နှာလေး ရှုံ့မဲ့ကာ အခန်းပြင်သို့စိတ်ဆိုးဆိုးနှင့်ထွက်သွား၏။

"တော်ပြီတော်ပြီ။ ငါလည်း အာရုံသိပ်မထားတော့ဘူး။ Hanကသွေးအရမ်းဆူလို့ သူ့ကိုသာထိန်းထားလိုက်။ နောက်နေ့မှ ငါတို့တွေ့ရအောင်။

Hoseokသည် ဖုန်းချပြီးနောက် စိတ်ရှုပ်ကာ ဖုန်းအား ခပ်လှမ်းလှမ်းသို့ ပစ်ထုတ်လိုက်သည်။

"Jung Hoseok!!"

"ဗျာ.!!..."

ရုတ်တရက် အသံကျယ်ကြီးကြောင့် တစ်ကိုယ်လုံးတုန်တက်သွားပြီး ပြာပြာသလဲထူးကာ လှည့်ကြည့်တော့ အခန်းဝ၌မေမေသည် သူ့အား စားမလိုဝါးမလိုကြည့်နေကာ ခုနက နှင်လွှတ်လိုက်သောTaehyungကပါ အနောက်ကနေ မျက်နှာကိုချီ၍ရပ်နေသည်။

"ပစ္စည်းတွေကိုဘယ်လိုလုပ်နေတာလဲ! ခုပြန်လာကောက်စမ်း!!"

ကျားရှေ့မှ မှောက်လျက်လဲလေသည်။ Hoseokသည် ကိုယ့်ကိစ္စလည်းရှိနေသေး၍ အတတ်နိုင်ဆုံး မျက်နှာကိုငယ်နိုင်သမျှငယ်ထားကာ ရို့ရို့ကျိုးကျိုးသွားကောက်ရသည်။ ပြန်ထလိုက်သည့်အခါမှာတော့ လက်ဆစ်မာမာကြီးလေးခုက ငယ်ထိပ်တည့်တည့်သို့ ရေထဲခုန်ဆင်းသောငါးများလိုပင် ကျရောက်လာသည်။

"အ့"

"ယောင်း ကိုဘာလုပ်လိုက်တာလဲ​.။ နာရီနဲ့ပစ်ပေါက်တယ်ဆို..."

"ဟုတ်တယ်လေ။ မေမေ့သားက အကြောတင်းတာကို"

"ဘာမှမဟုတ်ဘူးမေမေ.. ယောင်းက hyungကိုစေတနာနဲ့သွားနှိုးတာ..."

"Hey! Min.."  [Completed]Stories to obsess over. Discover now