"ဟီး ဟုတ်တယ်လေ အကိုမင်းခန့်ကလဲ ခွန်သာမှ ဆေးရုံမှာမနေချင်တာ"

"ကဲ ဟုတ်ပါပီ အဲ့တာဆို အကိုတို့လိုက်ပိုလမယ်လေ"

"ရပါတယ်ဗျာ အကိုပိုင်ထွေးကိုခေါ်ထားတယ် တီလေးလိုက်ပို့မယ်တဲ့ မနက်ဖြန်ကျရင် အကိုလာခေါ်လေ ကျောင်းသွားမယ် ပီးရင် အကို့ဆိုင်လိုက်မယ်"

"ဖြစ်ပါ့မလား အခုမှဆင်းရုံ ဆင်းတဲ့ဟာကို ပီးတော့ အကိုဆိုင်မှာရှိတာကကောင်းတယ်လေ အကိုတို့မျက်စိရှေ့မှာဆိုတော့ ကောင်းတယ်လေ ကျောင်းမှာက စိတ်မချရဘူး"

"အွန်းးး အဲ့တာဆို ကျောင်းတစ်ရက်နှစ်ရက်မတတ်သေးဘူး ဒါပေမဲ့ အကိုဆိုင်လိုက်မယ် လာခေါ်"

"သဘောအတိုင်းပါပဲဗျာ"

"ဟီးး ဟုတ်"

"သားတို့ကို တီလေး သားငယ်ကို အပ်ပါတယ်နော် တီလေးက နဲနဲအလှမ်းဝေးနေတာဆိုတော့ စိတ်ပူတယ် အိမ်ခေါ်သွားမယ်ဆိုတော့လဲ သားငယ်က သူမရှိရင်တဲ့ ဈာန်အတွက်အလုပ်တွေကိုလုပ်ပေးမဲ့သူမရှိလို့တဲ့ အလုပ်သမားထားပေးမယ်ပြောတော့လဲ သူကိုယ်တိုင်လုပ်ပေးချင်လို့တဲ့လေ အဲ့တာကြောင့် သားတို့ကပဲဒီကလေးလေးကို စောင့်ရှောက်ပေးပါနော်"

"ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဒီပေါက်စကိုကျွန်တော်တို့စောင့်ရှောက်ပေးပါ့မယ်"

"ကျေးဇူးပါသားတို့ရယ် ကဲ့အဲ့ဒါဆို သွားကြတော့မလား သားငယ် အောက်မှာပိုင်ထွေးစောင့်နေတယ်"

"ကဲ အသေးလေး လာ အကိုချီမယ်"

"အား အား ရတယ်အကိုမင်းခန့် လမ်းလျှောက်မယ်လို့ ခွန်သာလမ်းလျှောက်ရမယ်လေ ၂ရက်ရှိပီ ဆေးရုံခုတင်ပေါ်မှာပဲနေနေရတာ ဗိုက်ထဲက ကလေးလေး ကျန်မာဖို့ လမ်းလျှောက်မယ်လေ"

"အဲ့ဒါဆို လာ အကိုတွဲပေးမယ်"

မင်းခန့်က ပွေ့ချီမယ်လုပ်တော့ အတင်တွေရုန်းကန်ပီး သူ့ဗိုက်သေးသေးလေးကိုလက်ကလေးနဲ့ကိုင်ပီး Puppy eyesလေးတွေနဲ့ပြောလာတာကြောင့် မင်းခန့်စိတ်လျှော့လိုက်သည်။ဒေးဗစ်ကပဲ ခွန်သာ့ကိုယ်သေးသေးလေးကို ဖတ်ပီးဆေးရုံးခန်းထဲက ထွက်လာခဲ့ကြသည်။

My Baby's Father is not You (Complete)Where stories live. Discover now