" ကျင်းကော်ရေ ... သမီးလေး လာ ... ပါပါးဆီလာ "

တလှုပ်လှုပ်နဲ့ ရှောင်းကျန့်ဆီပြေးလာတဲ့ ကျင်းကော်လေးကို ရှောင်းကျန့်ကပွေ့ချီလိုက်တယ်။

" ရိပေါ်ဆီသွားမယ်လေ သမီးလေး ... အထဲဝင် "

ကျင်းကော်ကို ကြောင်လေးတွေချီပိုးတဲ့ လွယ်အိတ်ကလေးထဲထည့်တော့ ကျင်းကော်က အသာတကြည်ပဲ ဝင်နေတော့တယ်။

ကျင်းကော်ကိုထည့်ထားတဲ့ လွယ်အိတ်ကလေးကို ရင်ဘတ်ပေါ်တင်ကာလွယ်လိုက်ရင်း အပြင်မှာအေးနေတဲ့ ရာသီဥတုကြောင့် အနွေးထည်ထူထူဝတ်လိုက်တယ်။ ပြီးတော့ ခြေအိတ်လေးနဲ့ ဖိနပ်ကိုသေချာဝတ်ပြီး မာဖလာအနီရဲရဲလေးကို လည်ပင်းမှာပတ်လိုက်တယ်။ မာဖလာလေးက ရိပေါ်ကိုယ်တိုင်ရွေးပေးထားတာ။ ဆင်တူဖြစ်ပြီးတော့ ရိပေါ်ဆီမှာ အစိမ်းရောင်လေးတစ်ထည်ရှိတယ်။

ယူစရာရှိတာတွေယူပြီး အိမ်တံခါးကိုဖွင့်လိုက်တော့ ပြင်ပကလေစိမ်းတွေက ရှောင်းကျန့်ဆီတိုးဝင်လာတော့တာပဲ။ အိမ်တံခါးတွေသေချာပိတ်ပြီး ရိပေါ်ဆီသွားဖို့ ကျင်းကော်လေးလည်းပါတာကြောင့် တက်စီစီးဖို့သာ ကြံလိုက်တော့တယ်။

ကျင်းကော်လေးကို အနွေးထည်ထူထူအောက်မှာ ထည့်လွယ်ထားတာကြောင့် ပစ္စည်းတွေကိုင်ရင်း တရွေ့ရွေ့သွားနေတဲ့ ရှောင်းကျန့်က ပင်ကွင်းလုံးလေးလိုပဲ။

တက်စီငှားပြီး ရိပေါ်ရဲ့ကုမ္ပဏီကို ရောက်လာတော့လည်း သတိထားမိတဲ့ လူတချို့က ရှောင်းကျန့်ကို လှည့်ကြည့်ကြပေမယ့် မကြာပါဘူး သူ့အလုပ်သူ လုပ်နေကြပြန်ရော။

" ဟို ... ဝမ်ရိပေါ်နဲ့ တွေ့ချင်လို့ပါ "

" ကြိုတင်ချိန်းဆိုထားလား မသိဘူးရှင့် "

" အာ ... အဲ့တာကလေ "

" ကိုကို !!! "

ရှောင်းကျန့်ဆက်ပြောမယ့်စကားတွေ လေထဲမှာတင် တန့်သွားရတယ်။ မတန့်ပဲနေနိုင်ရိုးလား။ ပြဲလန်နေတဲ့ ဝမ်ရိပေါ်ရဲ့ခေါ်သံက ကုမ္ပဏီထဲ ဟိန်းခနဲထွက်သွားတဲ့ဥစ္စာ။

" အချစ် ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ... အထုပ်တွေအပိုးတွေနဲ့ ... အက်ႌထဲကေရာဘာလဲ "

Just To Be With You [ Completed ]Where stories live. Discover now