အပိုင်း (၁၃)

Start from the beginning
                                    

"အကွေးဆီကို ဖုန်းပြန်ပေးပေးပါ"
တစ်ဖက်ကာင်လေးရဲ့ ကျစ်လျစ်သေသပ်တဲ့ စကားအသုံးနှုန်းကြောင့် မြတ်ဘုန်း ဆက်ပြီးစကားမပြောချင်တော့။ထိုကြောင့် အကွေးကိုသာ ဖြောင့်ဖြပေးဖို့ လုပ်ရသည်။

"ငါပြောနေတာ မြတ်ဘုန်း"

"အင်း အကွေး၊ဘာမှမလုပ်နဲ့ ဒီတိုင်းပဲနေ။
ငါပြန်လာခဲ့မယ် ငါကိုစောင့်နေ ဘာမှမလုပ်နဲ့နော်...ငါပြောတာ သဘောပေါက်လားအကွေး။"
ထိုသို့ပြောနေတုန်းမှာပင် သွေးအိတ်ကိုင်ပြီး မြတ်ဘုန်းကို မျှော်လင့် တစ်ကြီးကြည့်နေတဲ့ အမျိုးသားကြီးကြောင့် မြတ်ဘုန်းဖုန်းပြောတာကို လက်စ သတ်ရတော့မည်။

"ဒါပဲနော် ငါပြောတဲ့အတိုင်းပဲလုပ်နော် အကွေး..."ဟုဆိုကာ ဖုန်းချသွားသည်။

အကွေးဘာကိုမှ ပြန်ဖြေချိန်မရလိုက်ပါ။

အကွေးဖုန်းချပြီးနောက်တွင် အိမ်ပေါက်ဝမှာရပ်နေတဲ့ အကွေးအမေက..
"လာ လာ အိမ်ထဲဝင်တော့၊" ဟု ပြောသည်။

အကွေးအဖေကလည်း ဘာမှမပြောပဲ အိမ်ထဲကို ဝင်သွားနှင့်ပြီ။ထိုအခါမှ အကွေးလည်း စက်ဘီးပေါ်ကနေ ဆင်းကာ ကောင်းကိုမစောင့်ပဲအိမ်ထဲဝင်ခဲ့လိုက်သည်။

"လူလေး လာ အိမ်ထဲဝင်"

"ဟုတ်ကဲ့.." စက်ဘီး ဒေါက်ထောက်ပြီး ကောင်းလည်း အကွေးအမေနောက်သို့ လိုက်လာလိုက်၏။

တန်းလျားခုံမှာ ထိုင်နေတဲ့ အကွေးအဖေကိုမြင်တော့ ကောင်းချက်ချင်းပင် တမံသလင်းပေါ်ကို ဒူးထောက်ထိုင်ချလိုက်သည်။

"ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုချင်ပါဘူး ဦးလေး။ကျွန်တော် လုပ်ခဲ့တာက လွန်တယ်ဆိုသိပေမယ့်လည်း ကျွန်တော် တကယ်ကိုချစ်မိပြီးပိုင်ဆိုင်ချင်တာမို့ပါ"

"မင်း မင်း..."
ငြိမ်သက်နေတဲ့ ဗုံးတစ်လုံးကို စနက်တံဆွဲဖြုတ်လိုက်သလိုပါပဲ။ အကွေးရဲ့အဖေဟာ ထိုင်ရာကနေထ,လာပြီး ကောင်းရဲ့ အင်္ကျီကို ဆွဲစုတ်ပြီး ထိုးဖို့ရန်ရွယ်လိုက်သည်။

"ခဏလေး အဖေ.....
အအေးပဲ သောက်ပြီးမထူနိုင်အောင် မူးလာပြီး ပူလောင်နေတာ ဘာလို့လဲ"

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now