အပိုင်း (၁၃)

Start from the beginning
                                    

"မြတ်ဘုန်း ငါအရမ်းကို ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်နိုင်တော့ဘူး၊ငါ ငါ ဘာတွေဖြစ်နေတာလဲ နင်သိလားဟင်"

သူမလေးက မေးခွန်းမေးသည်တဲ့။ထုံးစံအတိုင်း သူမကပဲ မေးသည်၊အခုတစ်ခါတော့ မြတ်ဘုန်းဘာပြန်ဖြေရမလဲ တကယ်ကိုမသိပါ။သို့သော်လည်း ဒီအချိန်မှာ မြတ်ဘုန်းအကွေးဘေးမှာ ရှိနေမှဖြစ်မည်။အမြန်ဆုံးအိမ်ပြန်ရမည်။

"ဆရာရေ သွေးရပါပြီနော်..."

မြတ်ဘုန်းရဲ့စိတ်ကူးတွေက လက်တွေ့မှာတော့ မဖြစ်နိုင်သေးပါ။သူ့ကို အားကိုးနေတဲ့ အကွေးလိုပဲဖြူစင်တဲ့ မျက်ဝန်းတွေကို သူသတိရသွားသည်။ထို့ကြောင့် သူလက်တွေ့ဆန်စွာပင်....
"အဲ့ဒီလူ ဘေးမှာရှိလားအကွေး"

"အင်း.."
စက်ဘီးပေါ်မှာ ထိုင်နေတဲ့အကွေးဟာ စက်ဘီးကို ကိုင်ပြီး သူမဆီကိုကြည့်နေတဲ့ ကောင်းကို ကြည့်လိုက်သည်။

"ဒါဆို သူ့ကိုဖုန်းပေးလိုက်ပါ။
ငါ သူနဲ့စကားပြောချင်တယ်"

ထိုသို့ ဆိုတော့လည်း လခြမ်းကွေးဟာ ကောင်းဆီသို့ ဖုန်းကို ကမ်းပေးသည်။ လခြမ်းကွေး ကမ်းပေးတဲ့ ဖုန်းကို ယူလိုက်ပြီး လက်တစ်ဖက်ထဲနဲ့ စက်ဘီးလက်ကိုင်ကို သူမြဲမြံစွာပင်ဆုပ်ကိုင်ထားသည်။လခြမ်းကွေးကလည်း စက်ဘီးပေါ်ကနေ ဆင်းဖို့ သတိမရသေးပဲ၊ ထိုင်ခုံမှာပင် ထိုင်နေသည်။

"Hello..."

"မင်းကဘယ်သူလဲ၊ အသက်ဘယ်လောက်လဲ ဒါတွေထားပါဦး မင်းနဲ့အကွေးနဲ့မဖြစ်နိုင်ပါဘူး။ဆိုတော့ မင်း အကွေးနဲ့ ဝေးဝေးမှာနေပါ။ဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာ ငါမသိပေမယ့် အကွေးကိုတော့ငါသိတယ်။ဒီကမ္ဘာမှာ ငါ့လောက် အကွေးကို သိတဲ့သူမရှိဘူး ဒါကြောင့် မင်းနောက်တစ်ခါသူနဲ့ မပက်သတ်ပါနဲ့...."

"ခဏလေးအကို..ကျွန်တော့်နာမည်က ကောင်းမြတ်သော၊ အသက်က ၁၈ပြည့်ပြီးပါပြီ။ပြီးတော့ ကျွန်တော်က ယောကျာ်းပါ....."
ဟုဆိုကာ အကွေးဆီသို့ ဖုန်းပြန်ပေးလိုက်သည်။

အကွေးက မျက်ရည်တွေနဲ့ ကောင်းကိုကြည့်နေပြီး သူမဖုန်းလေးကို ပြန်ယူလိုက်သည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now