~ထယ်ကအဆိပ်ပြင်းတဲ့ပန်းပါ‌မောင်~

Start from the beginning
                                    

"CEO ရောက်ပါပြီ "

"ဟုတ်ပြီ ပြန်ထားနှင့်လိုက်တော့ "

''Taehyung!!"

''Jimin သူဘယ်မှာလဲ"

"ဒုတိယထပ်မှာ ဘေးမှာကောင်မပါတယ်"

"ငါသိတယ် သွားစို့"

Jimin ထယ်ယောင်းအယုံကြည်ရဆုံးသူငယ်ချင်းပေါ့ ။သူကိုယ်တိုင်ဘဲ မောင့်ကို Stalkerလုပ်ပေးခဲ့တာလေ ။jiminနဲ့ထယ်နဲ့ဒုတိယထပ်ကိုသွားသော မောင်တို့ကိုလှမ်းမြင်လိုက်သည် ။မောင်ကတော့ထယ့်ကိုမြင်ပုံမပေါ် အဝေးကနေကြည့်နေတာတောင် ထယ့်အပိုင်မောင့်လက်မောင်းကိုဘေးကနေကောင်မတစ်ကောင်ကဆွဲထားတာ ။အာထယ်ကစကားပြောရိုင်းတယ် ဟက်

ထယ်နဲ့ဂျီမင်လည်း မောင်တို့ရှေ့တည့်တည့်ထိသွားလိုက်တယ်။ ဂျီမင်ကိုထယ်ကမျက်စိမှိတ်ပြတော့ ထက်လွန်းလှတဲ့ဂျီမင်ကဘာကိုဆိုလိုလဲသိတာပေါ့။ ထယ်မောင်တို့ရှေ့ရောက်တော့ မောင်က လုံးဝလန့်သွားပုံဘဲ ။အော်မောင်ရယ် ထယ်ကကြောက်စရာကောင်းလို့လားကွယ် ။

"Hey Jungkookဘယ်သူနဲ့လဲဟ"

Jimin စကားကြောင့်ထယ်မသိမသာလေးsmirkလိုက်မိသည်။ ဟက်မောင်ရယ် ထယ်တို့နည်းနည်းလောက်ကစားကျရအောင်ပေါ့။မောင်ကထယ်ပျင်းနေတာသိလို့ထင်တယ် ။ကစားစရာလေးတွေခေါ်လာပေးနေတာကို

''Jimin ဘယ် လိုရောက်လာတာလဲ''

''အာ ငါပစ္စည်းလာဝယ်တာလေ ထယ်ယောင်းကိုပါခေါ်လာတာဘေးကဘယ်သူလဲမိတ်ဆက်ပေးအုန်းလေ"

"ကိုကို သူတို့က "

ဟက် ကိုကိုတဲ့လား မချိုသာတဲ့အသံကိုချွဲပြစ်အောင်ပြောနေတဲ့ဟာမ ရွံ့ဖို့ကောင်းလိုက်တာ မောင်ရယ် ချွဲပြစ်နေတာကို နားဝင်ချိုနေတာလား

"သူ သူ ငယ် သူငယ်ချင်းတွေပါ "

မောင်ရယ် စကားတွေတောင်ထစ်နေပါလား ဟားဟား သူငယ်ချင်း ဟုတ်တာပေါ့သူငယ်ချင်းလေ

"ကျွန်တော်က Kim Taehyungပါဒါက Park Jiminပါ Jungkookကမိတ်မဆက်ပေးတော့မိတ်ဆက်ပေးတာပေါ့ ဒါနဲ့ဒီက "

"ကျွန်မက Lee Minarပါ ကိုကို့ရဲ့ကောင်မလေးပါ ''

"အော် Jungkookတို့က ကောင်မလေးအချောလေးမို့မိတ်ဆက်မမေးတာထင်တယ်နော် "

~ထယ်ကအဆိပ်ပြင်းတဲ့ပန်းပါ‌‌မောင်~Where stories live. Discover now