အပိုင်း၂၆

Start from the beginning
                                    

သူ့အတွက် သေချာသည့် အမှန်တရား တစ်ခုသည်ကား သူသည် သူမအပေါ်တွင် ဒီတစ်သက်တော့ ဘယ်တော့မှ နားလည်လာနိုင်တော့မည်ဟု မဟုတ်ပါပေ။
ထိုအရာသည်ကား အမှန်တရား တစ်ခုသာ ဖြစ်သည်။ ကျိုးယွင်ဆိုသည့် သူနှင့် သူမ၏ အကြားတွင် 'အချိန်က စကားပြောလာလိမ့်မည်' ဟုဆိုသည့် နှစ်သိမ့်ပေးနိုင်သည့် ထိုစကားလုံးများသည်လည်း လုံးဝကို သက်ရောက်မှုမရှိဟန်ပေါ်ပါသည်။

အချိန်တွေသည်သာ အလီလီ ပြောင်းလဲလာခဲ့ပြီ ဆိုပေမဲ့ သူ့အပေါ်တွင် ထားရှိသည့် သူမ၏ ချစ်ခြင်းမေတ္တာသည်ကား ယခု အချိန်အထိပင် အရောင်မှေးမှိန်လှသည်။ပိုးစုန်းကြူးတစ်ကောင်လောက်ပင် တောက်ပ မလာခဲ့ပါချေ။ အလင်းရောင်သည်ကား ခပ်မှိန်မှိန်မျှပင် မရှိ ။ ဘဝတစ်သက်စာ မီးစာ ကုန်နေခဲ့ဟန်တူပါသည်။

ယခုဘဝတွင်တော့ သူ့အတွက် မျှော်လင့်ချက်ရှိမနေခဲ့ပါချေ။နောက်ဘဝ ဆိုလျှင်တော့ သူကြို မမြင်နိုင်သည့် အရာဖြစ်သည့် အတွက်ကြောင့် သူစိတ်မဝင်စားပါ။
ဖြစ်နိုင်ပါက ဒီဘဝတွင်သာ အခိုက်အတန့်တစ်ခုမျှလောက် ဟန်ဆောင် ပန်ဆောင် ဖြင့်ပင် တစ်ကြိမ်လောက် ရရှိဖူးချင်တာဖြစ်သည်။

ထိုအရာသည်က သူ၏ အတွေးသာသာမျှသာဖြစ်ပြီး သူလုံးဝ ဖွင့်ဟ ဝန်ခံလိမ့်မည် မဟုတ်သည့် အမှန်တရားတစ်ခုသာ..

ကျိုးယွဲ့မူသည် သူမကို အမူအရာမဲ့စွာဖြင့် အသံတိတ်ကြည့်နေသည့် ကျိုးယွင်ကို စိတ်မရှည်တော့ဘဲ နှစ်ဉီးကြားရုံမျှ အသံအနေအထားဖြင့် စကားကို ခပ်ပြတ်ပြတ်ဆိုလိုက်၏။

"ဘာလုပ်နေတာလဲ... မင်းလည်း ငါ့ဆီက စကားအပြောကို စောင့်နေခဲ့တာ မဟုတ်ဘူးလား...လာထိုင်...ငါလည်း မင်းကို ပြောစရာ စကားရှိတယ်..."

ထို့သို့ ဆိုလာမှ ကျိုးယွင်လည်း သူ့မိခင်ဖြစ်သူ၏ အရှေ့တွင်ရှိသည့် ဆိုဖာ ထိုင်ခုံ၌သာ ဝင်ထိုင်လိုက်ပြီး သူမ၏ နှုတ်ထွက်စကားကို စောင့်ဆိုင်းနေမိသည်။ သူမဘက်က သူ့ကို ဤကဲ့သို့ နှစ်ဉီးတည်း တွေ့ဆုံ စကားမပြောခဲ့သည်ကား နှစ်အတော်ပင်ကြာခဲ့ပြီ ဖြစ်သည်။ ထိုအတွက်ကြောင့် သူမဘက်က မည်ကဲ့သို့ စကားများကို စတင်ပြောကြားလာမည်လည်း ကို သူစိတ်ဝင်စားလှသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now