Healing Love (23) 🚨🚨

Start from the beginning
                                    

" ဟုတ်ကဲ့ ... ဒါဆို​ရင် အကူအညီတောင်းပါတယ်ဗျ "

သင်ထားသလောက်လေး တီးတတ်သလို တီးနေတုန်း ထို စီနီယာက ထိုင်နေတဲ့ ကိုယ့်အနောက်ကနေ လာရပ်ကာ ကိုယ့်လက်တွေပေါ် မထိတထိ နေရာယူလာ၏၊ ဒီလို skinship မျိုး လုံးဝမနှစ်သက်ပါ ။

" မှားနေတာ ပြင်ပေးမယ်နော် ညီ "

" အာ...ရ..ရပါတယ် အစ်ကို , ကျွန်တော် ဒီလိုက မနေတတ်လို့ "

ဆိုလိုက်တော့ ထိုလူက ခပ်ဟဟ ရယ်ကာ ....

" အိုခေ... ကိုယ် ဒီအတိုင်းပဲ ပြောပြမယ်နော် "

သူ လိုအပ်တာတွေ ပြောပြီးသွားတော့ ကိုယ် ဆက် လေ့ကျင့်နေတုန်း...

" ညီ့ နာမည်က "

" Byun Baekhyun ပါ စီနီယာ "

" ကိုယ် ညီ့ကို ခင်ချင်တယ် ... ညီသာ အပေါင်းအသင်းမရှိရင် ကိုယ်တို့ အဖွဲ့နဲ့ လာပေါင်းနိုင်ပါတယ် "

" နေပါစေဗျ ... ကျွန်တော်က တစ်ယောက်တည်းနေရတာ ပိုသဘောကျလို့ပါ "

" ဟက်...ဒါဆို ချစ်သူလည်း မရှိဘူးပေါ့ "

" ဟို...ချစ်သူကတော့ ရှိပါတယ်ဗျ , ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦးနော် ... အတန်းချိန်ရှိလို့ပါ "

" အိုခေ ညီ ... နောက်မှတွေ့မယ်နော် "

နောက်လည်း ထပ်မတွေ့ချင်တာမို့ နှုတ်မဆက်ဘဲ ကိုယ့်စာသင်ခန်းဆီသာ ဦးတည်လိုက်သည်။
အစ်ကိုရော စာမေးပွဲ ကောင်းကောင်းဖြေနေရဲ့လားမသိ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ရေးဖြေလည်း ကောင်းကောင်းဖြေနိုင်ခဲ့သလို နှုတ်​ဖြေမှာလည်း ကိုယ့်အဖြေကို ဆရာတွေ သဘောကျတဲ့ အရိပ်အယောင် တွေ့ရသည်။ ဒီတစ်ခေါက်တော့ ကိုယ် ယုံကြည်မှုရှိသည်ပြောရမည်။

တရားရေးရာချုပ်ရုံးမှာ ဖြေရတာမို့ ကောင်လေးကျောင်းနဲ့ဆိုရင် သိပ်မဝေးလှ။ နေ့လည် ၃ နာရီထိုးပြီမို့ အတန်းချိန်များ ပြီးလောက်ပြီလား။ ကားပေါ်ဝင်ထိုင်ကာ မမောင်းသေးဘဲ ကောင်လေးဆီ ဖုန်းခေါ်ရသည်။

" အစ်ကို~~"

" အင်း... အတန်းပြီးပြီလား ကောင်လေး "

Healing LoveWhere stories live. Discover now