မောင့်သည်းညှာရှင် အပိုင်း ၁၉

Start from the beginning
                                    

''အင်း...ဆိုပြ...ဘာသီချင်းလဲ''

''မောင်အကြိုက်ဆုံးသီချင်းလေ..ကိုကိုဆိုပြဖူးတယ်..''

🎶🎶🎶🎶မြတ်နိုးလို့သိပ်ချစ်လို့ပါ ယုံပါအချစ်ဆုံးရာ🎶🎶 မင်းမှမင်းပဲ အကြင်နာ🎶🎶 အားလုံးသိအောင် ငါကြေငြာလိုက်မှာ🎶🎶 ဘယ်သူရှိမလဲ🎶🎶 ငါ့နှလုံးသားထဲမှာ မင်းပဲ ဘယ်သူရှိမလဲ 🎶🎶🎶🎶 ငါ့အသွေးအသားထဲမှာ မင်းပဲ🎶🎶🎶🎵🎵

ကိုကိုကလေချိူအေးလေးနဲ့ညည်းပြလာတဲ့ သီချင်းလေးကို တိုင်းမျက်လုံးလေးမှိတ်ကာ နားထောင်နေတုန်း မျက်နှာပေါ် ရေစက်တွေကျလာတာမို့...မျက်လုံးဖွင့်မကြည့်ဘဲ...

''ကိုကို မိုးရွာနေတာလား...မောင့်မျက်နှာပေါ်ရေစက်တွေကျနေတယ်...''

''အီး..အင့်..မောင်...''

တိုင်း ကိုကို့ငိုသံကြောင့် မျက်လုံးမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်တော့ ကိုကို့မျက်နှာကတသွင်သွင်စီးကျလာသည့် သွေးတွေက တိုင်း မျက်နှာပေါ် တစ်စက်ချင်းဆီကျနေသည်..။ပြီးတော့ ကိုကို ငိုနေသည်..။သွေးနဲ့မျက်ရည်ရောသွားတာမို့ ကိုကို့အခြေအနေက သွေးမျက်ရည်ကျနေသည့်ပမာ...။

''ကိုကို...မငိုနဲ့လေ..ကိုကို...ဘယ်..ဘယ်ရောက်သွားတာလဲ...မောင့်ကိုမထားခဲ့ပါနဲ့.... မောင့်ကို ထပ်မထားခဲ့ပါနဲ့..''

တိုင်း ဖျက်ကနဲ ပျောက်သွားတဲ့ ကိုကို့ကို လိုက်အော်ခေါ်ရင်း လေတိုက်ရာလွင့်ကနဲပါသွားသည်မို့ မျက်လုံးတို့ယောင်ယမ်းကာမှိတ်လိုက်မိသည်...။ပြီးနောက်တစ်ခုခုပေါ်ထိုင်နေသလိုခံစားချက်ကြောင့် မျက်လုံးတို့အားဖွင့်ကြည့်မိတော့ ကားတစ်စီးပေါ်ရောက်နေသည်..။

အပြင်ဘက်ကိုကြည့်မိတော့ မိုးတွေရွာနေသည်မှာသည်းသည်းမည်းမည်း...။ဘေးမှာလည်းကိုကိုက မျက်ရည်တွေနဲ့...ဒေါသတကြီးအော်ဟစ်ပြောဆိုနေသံတွေကကွဲကွဲပြားပြားကြားနေရသည်။

''မင်းငါ့ကို သစ္စာဖောက်တယ်..တိုင်း..မင်းကို ငါမချစ်တော့ဘူး..မင်းကိုငါသတ်မယ်..''

''ဟင့်အင်း..မောင်သစ္စာမဖောက်ပါဘူး ကိုကိုရယ်...မောင့်ကို ထပ်ချစ်ပေးပါအုံး...နော်..ချစ်ပေးပါအုံး...''

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now