'အမှန်တိုင်းပြောရရင် ဒီလောက် နှစ်ချီကြာနေအောင် အဆက်မသွယ် မရှိတော့တာမို့ ကို သူနဲ့ လုံးဝ ပြန်မဆုံတော့ဘူး ထင်လို့ မပြောပြခဲ့တာ။'

"Jaem သူ့ကို သဘောကျနေတုန်းလား"

ဒီမေးခွန်းကြောင့် Jaemin ဖြေခါနီး RenJun ကို ရင်ခွင်ထဲ ပိုတိုးဖက်လိုက်သည်။

'အင်း ကိုယ် သူ့ကို သဘောကျခဲ့ပါတယ် တစ်ချိန်က။ အချစ်ဦးလည်း ဖြစ်တာမို့ တကယ့်ကိုလည်း ချစ်ခဲ့ဖူးတယ်။ ဒါပေမယ့် သူ့လုပ်ရပ်တွေကြောင့် အချစ်ရေး ဆိုတာကို စိတ်မဝင်စားတော့တာ ကြာခဲ့ပြီ။ ဘာကြောင့်မှန်းမသိ တစ်ဖက်သတ် စွန့်လွှတ်ခဲ့တယ်။ ဒီလိုနဲ့ နှစ်တွေ အလီလီ ပြောင်းပြီး အခု Baby နဲ့ တွေ့တော့မှ ကိုယ် အချစ်ဆိုတာကို ပြန်ဖက်တွယ်လာတာ။ ဒါ့ကြောင့် အခု သူ့ကို ပြန်မြင်လည်းပဲ စိတ်က ဘယ်လိုမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ သူ့ကို သဘောကျသေးလား ဆိုရင်တော့ ဘယ်အချိန်ဖြစ်ဖြစ် ကို့ရဲ့ အဖြေက ဟင့်အင်း ပဲ'

"ဒါပေမယ့် သူသာ အဲ့ချိန်တုန်းက ဘာကြောင့် ထားရစ်ခဲ့လဲ ဆိုတာကို ဖြေရှင်းလာမယ်ဆိုရင်ရော"

'သူ ဖြေရှင်းစရာမလိုပါဘူး။ သူ့မှာ သူ့မိဘတွေ ပေးစားထားတဲ့ သူကိုယ်တိုင်လည်း ကိုယ့်ထက် ပိုပြီး သဘောကျရတဲ့ မိန်းကလေးနဲ့ လက်ဆက်သွားလို့'

"ဒီလိုဖြစ်နေတာတောင် သူက Jaem ကို သူ့ဆီ ပြန်လာဖို့ ပြောတယ်"

'အင်း ... ဘာလို့ဆို သူနဲ့ လက်ဆက်ထားတဲ့ သူမက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ကျိန်စာသင့်ပြီး ပျောက်ကွယ်သွားပြီ'

"Jaem တကယ် သူ့ကို မေ့ပစ်လို့ ရတာ ဟုတ်ရဲ့လား"

Jaemin ဒီစကားကြောင့် စိတ်ရှုပ်သွားမိသည်။

'ကိုယ် ဒီလောက်ထိ ပြောပြလို့ Baby နားလည်မယ် ထင်ခဲ့တာ'

"ဘာကိုလဲ Jaem ... ကျွန်တော်မေးတာ မှားသွားလို့လား"

လှဲနေရာက ထထိုင်တဲ့ Jaemin ဘေး RenJun ပါ ထထိုင်ရင်း ပြန်မေးလိုက်သည်။ Jaemin, RenJun ကို ကျောပေးထိုင်လိုက်ပြီး စားပွဲပေါ်က ရေတစ်ခွက်ကို ယူသောက်ပြီးမှ စကားပြန်ပြောလိုက်သည်။

Sunbae [JaemRen]Where stories live. Discover now