မောင့်သည်းညှာရှင် အပိုင်း ၁၇

Start from the beginning
                                    

''တောက်...မောင်..မင်း..သေဖို့ပြင်ထား..''

သည်းညှာ မျက်လုံးထဲဘာမှမမြင်တော့...။Hotel ဗီလာရှေ့ရောက်သည်နှင့်ကားပေါ်က ဆင်းကာ နောက်ခန်းထဲက ဘေ့ဘောရိုက်တံကိုထုတ်လိုက်ကာ ဖောက်ပြန်သူတို့ရှိရာ ဗီလာကို ထွက်လာခဲ့သည်...။

ငါရှင်းပြတာကို နားမထောင်ပဲနဲ့..အဲ့မိန်းမရဲ့ ဆွဲခေါ်မှူ့နောက်လိုက်ရဲတယ်ပေါ့...လက်ကိုချိတ်ကိုင်ခိုင်းရဲတယ်ပေါ့...မောင်က ငါ့ကို ရင်နာအောင်လုပ်တယ်...။

ဗီလာရှေ့မှာ သော့ကိုင်ကာရပ်စောင့်နေတဲ့လေရာကသူ့လက်ထဲမှာမြဲမြဲကိုင်ထားသည့်ဘေ့ဘောတုတ်တံကိုတလှည့် သည်းညှာကိုတလှည့်ကြည့်ရင်းကြောင်တောင်တောင်ရပ်နေသည်...။

"ဖွင့်လေသော့...ဘာကြောင်နေတာလဲ လေရာ"

သော့ဖွင့်လိုက်သည်နှင့် အထဲမှာဖြစ်ပျက်နေတဲ့အခြေအနေကို မြင်တေံ့ခိုက် ဟက်ကနဲတစ်ချက်ရယ်လိုက်ပြီး အံကြိတ်ကာအသံကုန်အော်ပစ်လိုက်သည်...။

ထိန်းမတဲ့စိတ်ဒေါသနဲ့ ထိုလူယုတ်မာနှစ်ယောက်ဆီသွားရာလမ်းတစ်လျှောက် တွေ့သမျှအရာအားလုံး ဘေ့ဘောရိုက်တံနဲ့ အကုန်ရိုက်ချိူးပစ်သည်..။

''မင်းတို့ကဖောက်ပြန်ရဲတယ်ပေါ့..ဟုတ်လား...နင်က လင်အတော်ရှားလား..ငါနင့်ကို Warning ကြိုပေးထားပြီးသား..ငါ့ချစ်သူကိုလာမရှူပ်နဲ့လို့ပြောထားပြီးသားလေ...ဘာလို့ ငါပိုင်တဲ့အရာကိုမှလည်း...ဟင်...ဖြေ...ကေမေသော်..ဖြေစမ်း...''

မီးဝင်းဝင်းတောက်ကာ တွေ့ရာရိုက်ခွဲနေသူကို ကေမေသော်လန့်လာသည်..။ဘေ့ဘောတုတ်ကို သူ့ခေါင်းဆီချိန်လာတာမို့ မျက်လုံးမှိတ်ထားလိုက်မိသည်..။သူမ သေရတော့မည်ကိုတွေးမိတော့လင်တရူးမိတာကို နောင်တရသွားသလိုလို...။

ခေါင်းဆီကျမလာပဲ လက်မောင်းဆီရောက်လာသော ဘေ့ဘောရိုက်တုတ်ရဲ့ပြင်းထန်လှသောရိုက်ချက်က လက်တစ်ဖက်လုံးအောင့်ကနဲ....။စိတ်ရှိလက်ရှိ ရိုက်နေလိုက်တာများ ဘယ်ညာ တစ်ဖက်ဆီရောက်လာတဲ့ရိုက်ချက်တွေကြောင့် အသက်တောင်မရှူနိုင်တော့...နောက်ကျောတွေရော ခြေသလုံးတွေရောအနှံရိုက်နေတာမို့ အရိုးကျိုးသံတို့ကတဂျိုးဂျိူးတဂျွတ်ဂျွတ်...။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now