ကလင်......ကလင်.....

နေ့လယ်စာထမင်းစားချိန်မို့ တက္ကသိုလ်ဝန်းထဲ ကျွက်ကျွက်မြည်အောင် တစ်ဝန်းလုံးခေါင်းလောင်းသံကိုကြားရသည်။ စာကြည့်တိုက်အပါအဝင်

ဘေးက ယွန်းဂီကတော့ အင်းအဲနဲ့ ထလာပြီး သူကလည်းစာအုပ်တွေကိုသိမ်းရင်းပေါ့။

"ဟျောင့် သွားကြမယ်လေ"

"အေး ငါစာအုပ်လေးတွေထားလိုက်အုံးမယ်"

ယွန်းဂီအပြောကိုပြန်ဖြေရင်း သူစာအုပ်တွေပြန်ထားဖို့လုပ်တော့ ထယ်ယောင်းကစာကြည့်တိုက်ထဲဝင်လာတာကိုတွေ့လိုက်ရသည်။ စာကြည့်တိုက်မှူးဆီနာမည်ပေးနေတာတွေ့လိုက်ရတာကြောင့်

"ယွန်းဂီ မင်းအရင်သွားနှင့် ပြီးရင်ငါလိုက်လာခဲ့မယ်"

"အေးအေး"

ကျောပိုးအိတ်ကိုတစ်ဖက်ထဲလွယ်ကာယွန်းဂီကထွက်သွားသည်။ သူလည်း

"ထယ်ယောင်း"

"ဪ အကိုစာဖတ်နေတာလား ကျွန်တော်လည်းစာလာဖတ်တာ"

"ဟုတ်လား ကိုယ်လည်းခုလေးတင်စာအုပ်ရွေးနေတာ စာအတူတူလုပ်ကြမလား"

"ကျွန်တော်က စာလုပ်ဖို့မဟုတ်ဘူး စီးပွားရေးစာအုပ်တွေလမ်းညွှန်လိုက်လို့လာဖတ်ကြည့်တာ အာ...ဒီလိုလုပ်လေ အကိုဟိုဆော့ကစာလုပ် ကျွန်တော်ကစာဖတ်မယ် ရလား"

"အင်းအဆင်ပြေတယ်"

"ကျွန်တော်စာအုပ်ရွေးပြီးလိုက်လာမှာမို့ ဟိုထောင့်မှာစောင့်နေနော်"

"အင်း အင်း"

ဟိုဆော့ မလိမ်ချင်ပဲလိမ်တာမဟုတ်။ crush နဲ့နီးရမဲ့အခြေအနေလေးမို့ကို တမင်တကာလိမ်လိုက်တာ။ ယွန်းဂီစောင့်နေရလို့ဆဲမှာလည်းသိသည်။ ပေါ်မလာလို့တွေ့ရင်ကြိတ်တော့မှာလည်းသိသည်။ ဘယ်လိုလုပ်မလဲ crush လေးလောက်မှအရေးမကြီးတာကို....

စာကိုကျေကျေညတ်ညတ်လုပ်တာမဟုတ်ပေမဲ့ ဦးနှောက်ထဲစာရောက်တာနဲ့အကုန်မှတ်မိလောက်တဲ့ထိရတာမို့ ခုက ခရက်ရှ် လေးမျက်နှာတစ်ကမ္ဘာလုပ်၍ စာလုပ်ခြင်းလေးပေါ့။

ထယ်ယောင်း စာအုပ်လေးငါးအုပ်ယူကာသူ့ရှေ့မှာတင်လာဖတ်နေသည်။ သူသည်လည်း ကောင်လေးရှေ့မို့လူရှိန်အောင် စာပိုလုပ်ရသည်ပေါ့။ စာတွေကအရမ်းခက်တာမျိုးမဟုတ်တော့ မှတ်ရဖတ်ရလွယ်ပြီး စာလုပ်ရတာစိတ်ပါလာသည်။ ခရက်ရှ်လေးအားမငေးဖြစ်တော့ပါ။

𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || VOPE ||Where stories live. Discover now