Part : 1 [ U & Z ]

Start from the beginning
                                    

" ကိုကို သားတို့ကဘယ်အချိန်အိမ်ပြန်ရောက်မှာလဲ "

" မလိုတော့ပါဘူးဝမ်လေးရဲ့ "

ဦးလေးဖြစ်သူဝမ်ဟိုက်ခွမ်းကမြို့ပြင်ကမြေကွက်ကိုဝယ်ဖို့လာကြည့်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ကလည်းကျောင်းပိတ်တာနဲ့ပျင်းလို့လိုက်လာခဲ့တာ ။ ပျင်းလို့လိုက်လာပါတယ်ဆိုပြီးအခုတော့သူကပဲထပ်ပျင်းနေပြန်တယ် ။ သူပျင်းတယ်ပြောလို့ပဲဦးလေးကဒရိုင်ဘာနဲ့ညီအစ်ကိုနှစ်ယောက်ကိုအိမ်အရင်ပြန်ခိုင်းလိုက်ခြင်းဖြစ်သည် ။

အိမ်ပြန်ရောက်တော့ဝမ်လေးကအပေါ်ထပ်ကိုတန်းတတ်သွားတော့သည် ။ ဝမ်လေးကအခုမှအလယ်တန်းတတ်တုန်းရှိသေးတယ် စာကတော့တော်တော်ကိုတော်တယ်ပြောရမှာပဲ ။ မူကြိုကတည်းကအခုထိသူဆုမရတဲ့နှစ်ဆိုတာမရှိဘူး ။ တစ်အိမ်လုံးကသူ့ရဲ့ဆုတွေ ဂုဏ်ပြုမှတ်တမ်းလွှာတွေချည်းပဲ ။

ကျွန်တော်ကတော့ဘွဲ့ရခါစပေါ့ ... အခုတော့ဦးလေးဖြစ်သူဝမ်ဟိုက်ခွမ်းနဲ့အတူတူလုပ်ငန်းတွေကိုလေ့လာနေတယ် ။ ဦးလေးကဂျပန်မှာအခြေချနေတာ အခုကသူတို့ညီအစ်ကိုပဲရှိပြီးငယ်သေးတော့ပါးတို့ကျန်ခဲ့တဲ့စီးပွားရေးတွေကိုမဥိီးစီးနိုင်သေးလို့သူကဒီမှာကြီးကြပ်ပေးနေတာ ။

ဂျပန်ကသူတို့ပိုင်တဲ့ Shopping Mall ကြီးကိုတော့လောလောဆယ်သူ့မိန်းမနဲ့သူ့သားကဦးစီးနေတာပေါ့ ။ ကျွန်တော်ကဒီမှာရှိတဲ့ပါးတို့ရဲ့အမွေဖြစ်တဲ့ Car Showroom အကြောင်းကိုလေ့လာနေရတာပေါ့ ။ နောက်ဆိုရင်ဦးလေးကလဲဂျပန်ပြန်တော့မှာလေ ။

" အားချန် "

" ဗျာ ကြီးကြီး "

" အောက်မှာဆရာပြန်ရောက်ပြီ အဲ့တာခေါ်ခိုင်းလိုက်လို့ "

" အော် ဟုတ်ကဲ့ လာခဲ့မယ် "

ဦးလေးတောင်ပြန်ရောက်ပြီတဲ့ .. အတွေးလွန်နေတာနဲ့ဘယ်လောက်ကြာသွားလဲတောင်မသိဘူး ။ ညတောင်ရောက်တော့မှာပဲ ..

" လာ ထိုင်ကြ "

ဦးလေးကထိုင်ခိုင်းတော့ ဝမ်လေးနဲ့ကျွန်တော်လည်းဦးလေးရဲ့ညာဘက်အခြမ်းကဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည် ။

Apologize , my baby's father ( Complete )Where stories live. Discover now