မောင့်သည်းညှာရှင် အပိုင်း ၁၆

Start bij het begin
                                    

တိုင်း ဖုန်းကို ရှေ့လွယ်တဲ့အိတ်ထဲထည့်ပြီးsuitcase ဆွဲကာ ထွက်လာခဲ့လိုက်သည်..။နာရီကြည့်တော့ မနက်၁၁နာရီခွဲနေပြီ...အစည်းအဝေးခန်းထဲရောက်နေမည်စိုးတာကြောင့် ဟိုရောက်မှ သာကိုကို့ဆီဖုန်းဆက်တော့မည်...။

သုံးယောက်လုံးကို ကားတစ်စီးတည်းစီစဥ်ပေးတာမို့ အဆင်ပြေသည်..။တိုင်း နောက်ဆုံးခုံမှာဝင်ထိုင်ရင်းခွေအိပ်နေလိုက်တော့သည်..။

စထွက်ကတည်းက သူတို့ကားနောက်မှာလည်း ကားအဖြူတစ်စီးက ကပ်လျှက်ပါလာလေသည်..။

သည်းညှာ ဒီနေ့ ရန်ကုန်က ပြန်လာခဲ့ပြီမို့ မန္တလေးရောက်ခါနီးနေပြီ။ဒါကိုမောင်မသိသေး...။မနက်ဖြန် မောင် ပြင်ဦးလွင် သွားတဲ့အခါ သည်းညှာ ပါတစ်ခါတည်းလိုက်သွားလို့ရပြီမို့ ကျေနပ်နေမိသည်...။

မောင့်အတွက်တော့ သည်းညှာပြန်လာပြီးအတူတူခရီးသွားမည်အခြေအနေက မောင်တွေးမထားတဲ့အရာမို့ surpriseဖြစ်သွားမည်မှာအသေအချာ...။သည်းညှာရဲ့မောင်တစ်ယောက်ဘယ်လောက်တောင်ပျော်နေလိုက်မလဲ...။

တွေးရင်းကြည်နူးမိတော့ ကားမောင်းရင်း သဘောတကျပြုံးလိုက်မိသည်..။ချစ်သူ သက်တမ်း တစ်နှစ်ပြည့်တော့မည့်..မောင်နဲ့သည်းညှာ...။အချိန်တွေကြာလာသည်နှင့်အမျှသည်းညှာ မောင့်ကိုလည်း ပိုပိုချစ်လာရသည်..။

မန္တလေးရောက်သည်နှင့် မောင့်အခန်းဆီတိုက်ရိုက်မောင်းလာခဲ့သည်..။အခန်းရှေ့ရောက်တော့ တံခါးခေါက်ပေမယ့် အထဲက ဘာသံမှမကြားရ..။သီချင်းသွင်းဖို့ရှိသေးသည်ဟုပြောထားတာကိုသတိရလိုက်တာမို့ ချောချောမွေ့မွေ့အလုပ်ပြီးအောင်အသံသွင်းခန်းဆီလိုက်မသွားတော့ပဲ အခန်းထဲကနေ ဝင်စောင့်ဖို့ဆုံးဖြတ်လိုက်သည်..။မောင်ကနားရက်ပေးထားတာတောင် မနားနိုင်ရှာဘူး...။သူ့သူဌေးကို အရမ်းငွေတွေအများကြီးရှာပေးချင်နေပုံပဲ...။ကြာတော့ သည်းညှာအမြင်ကပ်လာပြီ...။

အခန်းသော့တစ်ချောင်းယူထားတာမို့ သော့ဖွင့်လိုက်ကာ အိပ်ခန်းဆီပြေးသွားပြီး ကုတင်ပေါ် ​လှဲအိပ်ချလိုက်သည်..။

''အား...ညောင်းလိုက်တာ....မောင့်ကိုယ်သင်းနံ့လေး ရနေသေးတယ်...''

မောင့်သည်းညှာရှင် (Completed)Waar verhalen tot leven komen. Ontdek het nu