မောင့်သည်းညှာရှင် အပိုင်း ၁၆

Start from the beginning
                                    

အဆောင်ရောက်တော့ ပါဆယ်ပုံးကိုဖွင့်မကြည့်ဖြစ်ပဲစားပွဲပေါ်သာတင်ထားခဲ့လိုက်ပြီးရေအရင်ချိူးလိုက်သည်....။အသင့်စားခေါက်ဆွဲတစ်ထုတ်ကို ရေနွေးဖျောစားပြီး ပေါ့ပေါ့ပါးပါးအ၀တ်ကိုသာကောက်စွပ်ရင်း အသံသွင်းခန်းဆီထွက်လာခဲ့ကာ အလုပ်အရင်လုပ်ဖို့ပြင်လိုက်သည်...။

ညပိုင်းရောက်တော့လည်း ကိုကိုနဲ့ဖုန်းပြောပြီး တနေကုန်အနားရပဲပင်ပန်းလွန်းတာကြောင့် ထိုးအိပ်ပစ်လိုက်သည်...။ပါဆယ်ပုံးကိုဂရုမစိုက်မိ...။

ဒီလိုနဲ့ ပြင်ဦးလွင် မသွားခင် ၁ရက်အလို...။

တိုင်း လိုအပ်တဲ့ပစ္စည်းနဲ့အဝတ်အစားတချို့တလေတွေထည့်နေရသည်မို့ မနက်ကတည်းကမနားရသေး..။ဒါတောင်ဓာတ်ပုံရိုက်ဖို့အတွက် အဝတ်အစားတွေအကုန် မန်နေဂျာကိုလေရာကပဲ စီစဥ်ပေးမှာမို့သာ တော်သေးသည်...။တိုင်းကတော့ ကိုကိုရောက်လာရင်အတူတူလျှောက်လည်သည့်အခါ၀တ်ဖို့လောက်သာ ထည့်လာလိုက်သည်..။

အားလုံးထည့်သိုပြီး ကော်ဖီတစ်ခွက်လောက်ဖျော်သောက်ရန်စားပွဲပေါ်မှာတင်ထားတဲ့ကော်ဖီဗူးကိုယူလိုက်စဥ် ပါဆယ်ပုံးကိုမြင်လိုက်သည့်အခါမှအမှတ်ရလိုက်တာမို့ ဖောက်ကြည့်ရန်သတိရသွားသည်..။ကပ်ကြေးနဲ့ တိတ်တွေညှပ်ရင်းခွာနေတုန်း...တံခါးခေါက်သံကြားလိုက်ရသည်မို့ လုပ်လက်စပစ်ထားခဲ့ပြီးတံခါးသွားဖွင့်လိုက်သည်...။

''ဒေါက်..ဒေါက်..''

တံခါးဖွင့်လိုက်တော့ အချစ်ညို့..။

''ဘာလို့လဲ ညို့...''

''ခဏနေသွားမှာ တဲ့ တိုင်း..အဲ့ဒါလာပြောတာ ဖုန်းဆက်တော့လည်းမကိုင်ဘူး..''

ထိုအခါမှ အိတ်ကပ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်မိတော့ miss callတွေကရဲရဲနီလို့။ ဟုတ်သား သူ Silent လုပ်ထားမိတာပဲ..။

''ဘာအရေးကြီးလို့တဲ့လဲ''

''ဓာတ်ပုံဆရာက ပြင်ဦးလွင်ရောက်နေပြီတဲ့ အဲ့ဒါကြောင့်တဲ့..''

''အေး..ထွက်ခဲ့မယ် Hotelရှေ့ ဆုံကြမှာမလား..''

''ဟုတ်..အာ့ဆိုသွားနှင့်ပြီ...''

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now