3-2 // တကယ်ကြီးလား

Start from the beginning
                                    

အခု သူမနဲ့ကုဖျင်းရှန်ရဲ့ပုံကိုကြည့်လိုက်တော့ အဲ့ခံစားချက်ကိုရလိုက်တယ်

မိန်းမလှသေတဲ့အဆိပ်ဆိုတဲ့နာမည်ကအလကားရလာတာတော့မဟုတ်ဘူး

ကုဖျင်းရှန်က သူမလက်ထဲကကင်မရာကိုပြန်ယူလိုက်ပြီး နေရောင်ကိုကျောပေးရင်း ကျေကျေနပ်နပ်နဲ့သေချာကြည့်နေတယ်

"ရိုက်ထားတဲ့ပုံကြည့်ကောင်းတယ်"

ရှင်လေ ရှင်တစ်ယောက်တည်းကြည့်ကောင်းနေတာ

ညနေဖက် သူတို့ပြန်လာတဲ့အချိန် ကုဖျင်းရှန်က သူမ ကြိုက်တဲ့အစီအစဥ်ဖွင့်လို့ရတယ်ဆိုပြီး ရေဒီယိုဖွင့်ပေးလာတယ် အဲ့လိုနဲ့သူမနားထောင်ရင်း အိပ်ပျော်ခါနီးမှာပဲ ကုဖျင်းရှန်က သူမကို

"ထုံရန် စိတ်မရှိပါနဲ့ ဆရာဖုန်းကိုတစ်ချက်လောက်ကြည့်ပေးပြီးဘယ်သူလဲဆိုတာပြောပြပါလား ဆရာ့ညာဘက်အိတ်ထဲမှာရှိတယ်"

သူမ ညာဘက်အိတ်ကပ်ကိုစမ်းလိုက်ပြီး ဖုန်းကိုရှာလိုက်တယ်

မဖတ်ရသေးတဲ့စာတစ်စောင်

ထုံရန် တုံ့ဆိုင်းနေပြီးမှ စာအပြည့်အစုံတွေ့ရဖို့ ဖုန်းမျက်နှာပြင်ကိုလက်နဲ့ပင့်တင်လိုက်တယ်

TK ငါမှတ်မိတာမနက်ဖြန်က နင့်အမေရဲ့နှစ်ပတ်လည်မလား နင့်အတွက်မိသားစုတွေ့ဆုံပွဲတွေအကုန် ငါငြင်းလိုက်ပြီးပြီ ဘာမှစိတ်မပူဘဲကောင်းကောင်းအနားယူလိုက် ဖျန်းဖန်

သူ့အမေရဲ့နှစ်ပတ်လည်? ထုံရန်ပြောလို့မရနိုင်အောင်လန့်သွားရတယ် မနက်ဖြန်က သူမမွေးနေ့ပဲ

သေချာပေါက် ဆရာကုကတော့မသိဘူးပေါ့ သူမမှတ်ဉာဏ်သာမှန်တယ်ဆိုရင် အောက်တိုဘာ၃ရက်နေ့က ပီကင်းဆေးရုံမှာ သူတို့ပထမဆုံးတွေ့ခဲ့တဲ့နေ့ပဲ အဲ့တာဆို တကယ်ပဲသူ့အမေကအဲ့နေ့မှာကွယ်လွန်ခဲ့တာပေါ့

"ဘယ်သူလဲ"

သူ သူမကိုလှည့်ကြည့်လာတယ်

ထုံရန် သူ့မျက်စိရှေ့ဖုန်းကိုထောင်ပြလိုက်တယ်

"ကျေးဇူး"

ကြည့်ပြီးသွားတာနဲ့ ခေါင်းပြန်လှည့်သွားရင်း ဘာမှမဟုတ်တဲ့အတိုင်း ကားကိုဆက်မောင်းနေတယ် မျက်နှာအမူအရာကအစ သူ့အကြည့်တွေကအဆုံး သူရဲ့အရာအားလုံးကအမြဲလိုလို တည်ငြိမ်တယ် ကားပေါ်ကဆင်းတဲ့အချိန်မှာတောင် သူမကိုလှေကားပေါ်အထိလိုက်ပို့ပေးမယ်ဆိုပြီးတင်းခံနေသေးတယ်

𝐓𝐎𝐆𝐄𝐓𝐇𝐄𝐑 𝐅𝐎𝐑𝐄𝐕𝐄𝐑  ||𝐓𝐑𝐀𝐍𝐒𝐋𝐀𝐓𝐈𝐎𝐍 ||Where stories live. Discover now