ငါ ကျယ်လောင်စွာပဲ ငိုလိုက်မိတယ်။ အကျယ်ချုပ် ချထားခံရတဲ့ သူ့အခန်း လေးဖက် လေးတန်ကနေ ငါ့ငိုသံတွေ ပြန်ပြီး ပဲ့တင်ထပ်နေခဲ့တယ်။

လွေ့ရုံ မင်းက ငါ့ကို မြတ်နိုးခဲ့ပေမဲ့ မင်းနဲ့ မင်းရဲ့ မယ်တော် အဆုံးသတ်က ငါ့ယောက္ခမတော်နဲ့ ငါ့မယ်တော်ရဲ့ အကောက်ကြံမှုဆိုတာ မင်း သိမှ သိသွားရဲ့လား။

ဒါမှမဟုတ် မင်း သိလျက်နဲ့ပဲ ငါ့အတွက်ကြောင့် ခွင့်လွှတ်နိုင်သွားတာလား?

ဒါက ငါ သေခြင်းတရားနဲ့ မျက်နှာချင်းဆိုင် ကြုံရတဲ့ ပထမဆုံး အခိုက်အတန့်ပဲ။ ငါ လှုပ်ရှားမှု မရှိတော့တဲ့ လွေ့ရုံရဲ့ ခန္ဓာကိုယ်ကို ကြည့်ရင်း ငိုနေမိခဲ့တယ်။

ပြီးတော့ အဲ့နေ့က မင်းငါ့ကို ပထမဆုံးအနေနဲ့ မင်းရဲ့ လက်မောင်းကြားထဲမှာ ပွေ့ဖက်ထားခဲ့တဲ့နေ့ပဲ။

အချိန်အကြာကြီး မင်း စကားတစ်လုံးမှ ဝင်မပြောခဲ့ဘူး။ မင်းတို့ နှစ်ယောက်က ဘယ်တုန်းကမှ မရင်းနှီးခဲ့ဘူး ဆိုပေမဲ့ သူက မင်းရဲ့ အစ်ကို တစ်ယောက်ပဲလေ။ နန်းတက်မင်းသားက ဘာအမှားမှ မလုပ်ထားတဲ့ လူကောင်းမို့ ကောင်းကင်ဘုံကို သေချာပေါက် ရောက်သွားမှာပါလို့ မင်း အဲ့တုန်းက တီးတိုးပြောခဲ့သေးတယ်။

သူ့ဘဝမှာ ပြုလုပ်ခဲ့တဲ့ တစ်ခုထဲသော အမှားက ကြင်နာပြီး ပရိယာယ် ကင်းမဲ့ခဲ့ရုံပဲ။

အဲ့ဒီနေ့က ငါတို့နှစ်ယောက် သစ်ပင်အိုကြီး တစ်ပင်ရှေ့မှာ ထိုင်ရင်း လကို ရှုစားခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံး အေးစက်တဲ့ နန်းတော်ကို ပြန်ဖို့ ဆန္ဒမရှိခဲ့ကြဘူး။

မင်း ပြောခဲ့သေးတယ်။ အကယ်၍ မင်းသာ အင်ပါယာ မိသားစုမှာ မမွေးဖွားခဲ့ရင် ဘဝက ဒီထက် ရိုးရှင်း နေမှာဆိုပြီး။ နေ့တစ်နေ့ရဲ့ ပထမဆုံး ထွက်တဲ့ နေနဲ့ နေ့တစ်နေ့ အဆုံးမှာ ပြန်ဝင်သွားတဲ့ နေကိုကြည့်ပြီး အာဏာအတွက် တိုက်ခိုက်စရာ မလိုတဲ့ ဘဝမှာ နေချင်ခဲ့တယ်လို့ မင်းပြောခဲ့တယ်။

အရာအားလုံးက တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေမဲ့ ဘဝပဲ။

ငါတို့ အဲ့ဒီနေရာမှာ ညသန်းခေါင်ကျော်လို့ နောက်တစ်နေ့ ရောက်တဲ့အချိန် နန်းတော်က အစေခံတွေ ငါတို့ကို ရှာတွေ့တဲ့အထိ ထိုင်နေခဲ့ကြတယ်။

ချန်းမင်ရဲ့ တမ်းချင်း [Myanmar Translation]Donde viven las historias. Descúbrelo ahora