" အ- အဟား ဟျောင်း ဘာ-ဘာတွေပြောနေတာလည်း ကျွန်တော်က ဘာလို့သူနဲ့ ​- shit "

ပြသာနာတော့တက်ပြီ ။
ဟီဆွန်းဟျောင်းနဲ့ ဖုန်းပြောနေရင်းကနေ လှမ်းတွေ့လိုက်ရတာက သူ့ဆီကို တည့်တည့်လာနေတဲ့ ဆောင်ဟွန်း ။

" ဟျောင်း အာ .. ကျွန်တော်နောက်မှပြန်ဆက်လိုက်မယ်နော် အရေးကြီးလို့ တာတာ့ "

ဖုန်းကို လွယ်အိတ်ထဲပစ်ထည့်ကာ ဆောင်ဟွန်း နဲ့ ဆန့်ကျင်ရာဘက်ကို အမြန်လှည့်ထွက်ခဲ့သည် ။ အခုချိန်မှာ ဆောင်ဟွန်းကို သူလုံးဝမတွေ့ချင် ။ ဆောင်ဟွန်းနဲ့ ဝေးရာဆီပဲ ထွက်ပြေးချင်နေတယ်ဆိုလျှင် အဲ့တာ ဂျိတ်ခ်အပြစ်တော့မဟုတ် ။

" ဂျိတ်ခီး "

လက်ကောက်ဝတ်ကနေတစ်ဆင့် သူ့တစ်ကိုယ်လုံးဆွဲလှည့်ခံလိုက်ရသည် ။ ပြီးတော့မပြောမဆိုနှင့် လူရှင်းတဲ့ဘက်ကို ဆွဲခေါ်သွားတာကြောင့် ဂျိတ်ခ်မှာ ငြင်းချိန်တောင်မရှိလိုက် ။

" ဘယ်- ဘယ်သွားမလို့လဲ "

လက်ကိုအတင်းရုန်းပေမယ့် မရ ။
အကြောတွေထင်ရှားလာတဲ့အထိ ဂျိတ်ခ်ရဲ့လက်ကို ဆောင်ဟွန်းက အတင်းဆွဲကိုင်ထားသည် ။

" ကိုယ့်ကိုစိတ်ဆိုးနေတာလား .. ညက ကိစ္စအတွက် တကယ်တောင်းပန်ပါတယ် "


လူကို ထွက်ပြေးရာလမ်းမရှိအောင် အတင်းဂျောင်ကပ်ပြီး တောင်းပန်တဲ့ ဆောင်ဟွန်းရဲ့ ပုံစံကဘာလဲ ။

" မဆိုးဘူး - မင်း မင်းအရင်ဖယ်စမ်းပါ "

တကယ့်တကယ်တော့မဖယ်တဲ့အပြင် သူ့နားကိုပိုကပ်လာတဲ့ ဆောင်ဟွန်း ။ လန့်နေတဲ့အမူအရာကို မသိသာအောင် လွယ်အိတ်ကြိုးကိုပဲ အတင်းဖိကိုင်မိသည် ။

" ကိုယ်က မင်း မိုးမိသွားတယ်ထင်ပြီး စိုးရိမ်နေတာ "

အနားကိုပိုတိုးလာတဲ့ ဆောင်ဟွန်းရဲ့ လက်တစ်စုံက သူ့နဖူးတွေကိုလာရောက်ထိတွေ့သည် ။
သူ့ဘက်က တွန့်ဆုတ်ဆုတ်ဖြစ်သွားလို့လားမသိ ။ ဆောင်ဟွန်းက သူ့လက်တွေကိုပြန်ရုတ်သွားသည် ။

" ငါ - ငါအဆင်ပြေတယ် "

" တော်ပါသေးရဲ့ "


𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now