မောင့်သည်းညှာရှင် အပိုင်း ၇

Start from the beginning
                                    

မျက်နှာကဇီးရွက်လောက်ငယ်နေပြီမို့ သည်းညှာ စိတ်လျော့လိုက်ကာ စာအုပ်နဲ့ဘောလ်ပင်ကို လက်ဆန့်တောင်းလိုက်ပြီး

"ပြီးရော လက်မှတ်ပါထိုးပေးရအုံးမှာလား"

"ကောင်းတာပေါ့"

"ကြက်သတုန်းကောင်"

"ကိုယ့်လင်ကို တအားရိုသေတာပဲ"

အဆင့်သင့်ဖောက်ထည့်ပေးထားသောကိုလာဖန်ခွက်ကိုယူကာတစ်ငုံမျှသောက်လိုက်ပြီး စားပွဲပေါ်ပြန်တင်လိုက်ကာ....

"မောင် တွေးနေပုံကြည့်ရတာ ငါ မောင့်အပေါ်လွန်ခဲ့ပုံပဲ စိတ်ချပါ လုံးဝထွက်မပြေးဘူးလို့ အာမခံတယ်"

"အင်း အာ့ဆိုပြောပြမယ် .....လာ မောင့်ရင်ခွင်ထဲလာ "

သည်းညှာ ဆိုဖာအောက်မှာခြေဆင်းထိုင်နေသူအပေါ်ကိုကျောပေးဝင်ထိုင်ကာ ရင်ခွင်နွေးနွေးဆီခိုဝင်လိုက်သည်။
..........

လွန်ခဲ့သော ၄နှစ်ခန့်က

သည်းညှာတစ်ယောက် ငယ်သူငယ်ချင်း တစ်ယောက်ရဲ့ကော်ဖီဆိုင်ဖွင့်ပွဲအတွက် မန္တလေးကိုထွက်လာခဲ့သည်။သိပ်မရင်းနှီးပေမယ့် တကူးတက လာဖိတ်တာမို့ လာဖို့ဆုံးဖြတ်ခဲ့တာ....။တကယ်တမ်းသူမအားပေ။

သူငယ်ချင်းအိမ်လမ်းကြားထဲကားအဝင်......

"ဒုံး"

"အာ့"

လမ်းအချိုးအကွေ့မို့ ကားနောက်မှန်ကိုပဲအာရုံစိုက် ကြည့်နေမိရာက ရှေ့ကိုသတိလွတ်သွားပြီး လူတစ်ယောက်ကိုတိုက်မိသွားပုံပေါ်သည်။

သည်းညှာ အမြန်ကားပေါ်ကဆင်းလိုက်ပြီး....

"ဘယ်ထိသွားသေးလဲ"

သူကစိတ်ပူစွာမေးလိုက်ပေမယ့် ဖုန်ခါပြီး ထလာသူက သည်းညှာဘက်လှည့်အကြည့်...လောကကြီးကိုမေ့သွားရသည်။ချောလိုက်တာ...။

ဇင်ယော်တောင်ပုံမျက်လုံးနဲ့မျက်ခုံးက စိတ်ထဲဝင်ကြည့်လိုက်သလို ခပ်စူးစူး။

"ရတယ် ကျွန်တော်လည်းမှားတာမို့ကိစ္စမရှိဘူး သွားလိုရာ သွားနိုင်ပြီ"

ခပ်မဲ့မဲ့ကြည့်ကာ တစ်ခွန်းသာပြောပြီး လှည့်ထွက်သွားသူ။ကျန်ခဲ့သူက တော့ ရင်ဘက်က အကောင်ပေါက်ကို ထိန်းမရတော့။သည်းညှာ ကိုယ့်ကိုကိုယ်တွေးမိပြီး ရှက်သွေးကဖျန်းကနဲ။ဘုရားရေ....သည်းညှာလိုလူမျိူးကရှက်သွေးထတယ်လား။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now