Chapter 1-3☑️

44 2 0
                                    

(Unicode)___________

တစ်ရွေ့ရွေ့ဖြင့် ​​သွားနေသည့် တိမ်ဆိုင်တွေနှင့်အတူ မိုးကလည်း သည်းကြီးမည်းကြီးကို ရွာချနေလေ၏။ညောင်ဦးဖီးကျွန်းရှိSXAN Hotel ကြီးသည်လည်း အမှိုက် များပရပွဖြင့်သာ ကျန်ရစ်နေတော့သည်။

မိုးတွေလေတွေစဲပြီးနောက်တစ်နေ့မနက်ခင်းရောက်တော့ ဦးအဂ္ဂ သူ၏အလုပ်သမားများကိုခေါ်၍ အပျက်အစီးများကို ရှင်းလင်းစေ၏။ ထို့နောက် Hotel၏ကိုယ်ထည်ပြန်လည်မွန်းမံရန်အတွက်ပစ္စည်းဝယ်ရန် ရနောင်းမြို့ရှိစံအိမ်သို့ပြန်လာခဲ့သည်။

နေအိမ်သို့ရောက်တော့ ဒေါ်ယဥ္နုစိတ္တဇဆေးရုံသို့သွားရန်ပြင်နေ၏။

"မိန်းမ ဆန်ရဲ့အခြေအနေဘာထူးသေးလဲ"

"မနေ့ကထပ်တော့နဲနဲတည်ငြိမ်နေပါပြီ
သားလေးကသန်မာတယ်လေ အမြန်ပြန်ကောင်းသွားမှာပါ"

"ဒါဆိုလည်းဂရုစိုက်လိုက်ဦး ကိုယ်သူ့Hotelကိုပြန်ပြင်ပေးရမှာမို့ ဒီရက်ပိုင်းမအားလောက်ဘူး"

"သမီးလေးရဲ့ စျာပနကိုတော့ ဒီညနေမီအောင်သွားရမယ် ကိုအားတဲ့အချိန်အရင်သွားနှင့်နော် နောက်တော့မိန်းမလိုက်လာမယ်"

"ကောင်းပြီ.....ဆေးရုံကို ဂရုစိုက်ပြီးသွားဦး"

ဆန်ရဲ့အဝတ်အစားနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို ခြင်းတစ်ခုထဲထည့်၍ ဒေါ်ယဥ္နု ဆေးရုံသို့ထွက်လာလိုက်သည်။

တစ်ဖက်တွင်လည်း ကွယ်လွန်သွားပြီဖြစ်တဲ့ သားတို့သမီးလောင်း ၏ စျာပန အတွက်ပြင်ဆင်နေကြသည်။ရိုးရာအရစျာပနဖြစ်သည့်အတွက် အမဲရောင်ဝတ်စုံများကိုသာဝတ်ဆင်ထားကြသည်။

သူ​ေဋ္ဌးကြီးဦးစိန်အောင်မှာတော့ရင်ကွဲပက်လက်ဖြင့်သာ ဆောင်းယုနွယ်၏ရုပ်အလောင်းကို ရင်ဝယ်ပိုက်ထား၏။ မိဘမေတ္တာအပြည့်အဝရပါလျက်၊
လိမ္မာရေးခြားရှိသူဖြစ်ပါလျက်၊ ကံတရားက
ဆောင်းယုနွယ်ဘက် မှာရှိမနေတော့အသက်နှင့်ကိုယ်ဝေးရသည်။ ​တစ်ဦးတည်းသောသမီးမို့ ဦးစိန်အောင်ဖြေဆည်နိုင်မည်မထင်။

_______________________

စိတ္တဇရောဂါအထူးကုဆေးရုံရောက် ပထမဦးဆုံး နံနက်ခင်းလေး၌ ဆေးရုံကုတင်မှ နိုးထလာသူ ဆန်မှာ မံှုရီရီဖြင့်။

မိုး မှ သ ည် ​ေ နွ ဦ း [Rain from spring]Donde viven las historias. Descúbrelo ahora