Jaemin တို့ မှာထားသည်များကို ယူပြီးတဲ့နောက် ဆိုင်ကို လာခဲ့လိုက်သည်။ ဆိုင်ရောက်တော့ Kai hyung နဲ့ Kun hyung ပါ ရှိနေသည်မို့ တစ်ခါတည်း RenJun မိဘနှင့် အစ်ကိုနှစ်ယောက်ကို မိတ်ဆက်ပေးဖို့ Jaemin တွေးလိုက်သည်။

'Hyung, Kai hyung, Kun hyung'

Jaemin ခေါ်တော့ အခန်းထဲမှာ စကားပြောနေကြတဲ့ အစ်ကိုက စကားပြောရာကနေ သူ့ဆီ အကြည့်ရောက်လာသည်။

'ခဏနေ RenJun mama မွေးနေ့အတွက် ဆိုင်မှာ ညစာ လာစားဖို့ရှိတယ်။ အဲ့တာ hyung တို့နဲ့ မိတ်ဆက်ပေးမလို့။ hyung တို့ အားကြလား'

'အင်း hyung တော့ အားတယ်'

Jaemin ရဲ့ အမေးကို Kun hyung က ခေါင်းညိတ်ပြရင်း ဖြေလေသည်။ Kai hyung ကလည်း ပြန်မပြောပေမယ့် ခေါင်းညိတ်ပြလေသည်။

'ဒါနဲ့ RenJun ကရော သူ့မိဘတွေနဲ့ အတူတူ လာမှာလား'

'မဟုတ်ဘူး ကျွန်တော်နဲ့ ပါလာတယ်'

'လက်ဆောင်တွေကို အခန်းထဲ ထားနေလို့ ပြီးရင် ဒီကို လာလိမ့်မယ်'

Jaemin, Kai hyung မေးသည်ကို ဖြေအပြီးမှာတင် RenJun အခန်းထဲကို ဝင်လာခဲ့သည်။

'Annyeong Kai hyung, Kun hyung'

'အင်း Annyeong ထိုင်လေ Renjun'

Kun hyung က Jaemin ထိုင်နေတဲ့ဘေးကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။ RenJun လည်း Jaemin ဘေးက ခုံကို ဝင်ထိုင်လိုက်သည်။

'ခဏနေ ကိုယ် hyung တို့ကို အောမောနီး တို့နဲ့ တစ်ခါတည်း မိတ်ဆက်ပေးမလို့'

'ဟုတ်လား အဆင်ပြေတယ်လေ Jaem သဘော'

'အင်း'

Jaemin ပြောတာကို ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်ပြီး အပြုံးနဲ့ ပြန်ဖြေတတ်တဲ့ RenJun ကို Hyung နှစ်ယောက်ကြည့်ရင်း Jaemin ဒီကောင်လေးကို သည်းလည်းသည်းချင်စရာကောင်းလှသည်ဟု တွေးမိသည်။

ထို့နောက် hyung နှစ်ယောက်နဲ့ Jaemin တို့ နှစ်ယောက် ဟိုဟိုဒီဒီ ပြောရင်းနဲ့ RenJun မိဘတွေ အလာကို စောင့်နေကြသည်။ မကြာခင် RenJun mama ဆီက ဆိုင်ရှေ့ရောက်ကြောင်း ဖုန်းဝင်လာတော့ အခန်းထဲက ထွက်ပြီး mama တို့ကို သွားခေါ်ကာ mama မွေးနေ့အတွက် ပြင်ဆင်ထားပေးတဲ့ သီးသန့်စားသောက်ခန်းထဲကို ခေါ်ခဲ့လိုက်သည်။

Sunbae [JaemRen]Where stories live. Discover now