အပိုင်း၂၅

Start from the beginning
                                    

"မင်း...ငါ့ကို ဘာကိစ္စကြောင့် ဖမ်းခေါ်ထားတာလဲ...မင်းနဲ့ငါ့အကြားမှာ ဘယ်လိုပြဿနာ ကြီးကြီးမားမားရှိလို့...ငါ့ကို ဒီကိုခေါ်လာရတာလဲ..."

ကျိုးယွင်သည် ကုန်းရိ၏အမေးစကားကို မကြားသယောင်ဖြင့်လုပ်ကာ လက်ထဲရှိဖုန်းကို ဖွင့်လိုက်ပြီး
ဖုန်းထဲမှ ရှောင်ဟန်၏ ပုံများကိုသာ စိတ်ဝင်တစား ကြည့်ရှုနေလေသည်။ တစ်ချို့ပုံများကိုမူ အားမရစွာဖြင့်ပင် မြင်ကွင်းကိုချဲ့ကြည့်နေပြီး တစ်ချို့ပုံများကို စူးစိုက်စွာ မျက်တောင်မခတ် စိတ်ဝင်တစား ကြည့်ရှု့နေလေသည်။ထိုပုံများသည်ကား ရှောင်ဟန် မသိအောင်  ခိုးရိုက်ထားသည့် ရှောင်ဟန်၏ ပုံရိပ်များသာဖြစ်သည်။

ကုန်းရိသည် သူပြောသည်ကို မကြားချင်ယောင်ဆောင်နေပြီး အဖက်မလုပ်စွာ ဖုန်းကိုသာ အာရုံစိုက်ပြီး ကြည့်နေသည့် ကျိုးယွင်အား စိတ်တိုလာပြီး ဒေါသထွက်နေသည့် လေသံဖြင့်ထပ်မံမေးမြန်းလာတော့သည်။

"ဘာလဲ...မင်းပိုက်ဆံလိုချင်လို့လား...ဒါမှမဟုတ် မနက်က ကိစ္စကြောင့်လား...အဲ့ကိစ္စကြောင့်ဆိုရင်တော့ မင်းငါ့ကို အပြစ်တင်နေတာမှားနေပြီ...ဒါက လူငယ်သဘာဝပဲလေ..."

"......."

"ပြီးတော့ မင်းနဲ့ဘာမှ မဆိုင်ဘူးဝင်မရှုပ်နဲ့...ဒါက..ဟန်ကောနဲ့ ငါ့ရဲ့ကြားက ကိစ္စ...မင်းငါ့ဆီ ပါသွားမှာကို ကြောက်ရင် သေချာထိန်းထားသင့်တယ်...ဒါပေမဲ့...ဟန်ကောက ငါတွေ့ဖူးတဲ့လူတွေနဲ့မတူတော့
ငါကသူ့ကို ကောင်းကောင်းဆက်ဆံပေးမှာပါ...မင်းသွေးပူနေစရာ မလိုဘူး...ပြီးတော့ ငါ့ရဲ့ အရည်အချင်းကို ငါယုံကြည်တယ်...ဟန်ကောက နောက်ဆို တမ်းတမ်းဆွဲတောင် ဖြစ်ချင်ဖြစ်လာမှာ...မနက်က မင်းရှိနေလို့...မူနေတာ...တကယ်တော့
သူလည်း လူတစ်ယောက်ပဲ...ငါ့လိုလူအောက်မှာ သာယာချင်ရှာမှာပေါ့..."

ထိုစကားအဆုံးတွင် မည်သည့်စကားမဆိုသေးသည့် ကျိုးယွင်၏ ကန်ချက်သည်ကား ကုန်းရိ မျက်နှာပေါ်သို့ အရှိန်ဖြင့်သက်ဆင်းလာ​ေတာ့သည်။

'ဖြောင်း!...'

"အ့..."

ကျိုးယွင်သည်ကား ကုန်းရိ၏ နောက်ဆုံးပြောလိုက်သည့်စကားကြောင့်ဒေါသစိတ်များက နဂိုထက်ပို၍ ဆိုးဝါးလာခဲ့ပြီး မျက်လုံးများကလည်း အရင်ကထက် အဆပေါင်းများစွာ ကြောက်စရာကောင်းလာပြီဖြစ်သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now