အပိုင်း၂၅

Start from the beginning
                                    

"ရေးထားတာတွေက သေချာလို့လား...လုရှောင်း..."

"သေချာတယ်...ငါလည်း အစကမထင်ထားဘူး...သေချာပြန်စစ်ပြီးပြီ...အဲ့ကောင်က two way ကြီး ပြီးတော့ အရင်နှစ်တွေထဲက playboyဆိုပြီး ခေတ်ထနေသေးတာ သူ မတွဲဖူးတဲ့ ကောင်ဆိုတာ ခပ်ရှားရှားပဲ...မိန်းကလေးတွေရောပဲ သူမတွဲဖူးတာမရှိလောက်ဘူး...ရုပ်နဲ့လုပ်စားနေတာလား...ဒါမှမဟုတ်ငွေလျှံနေတာကြောင့်ပဲလားတော့မသိဘူး...
မရှင်းမရှင်းဖြစ်နေတဲ့ သူနဲ့မကင်းတဲ့သူမှန်သမျှကို ငွေနဲ့ထိန်းထားပုံရတယ်...ဒါကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ရဲဇက်ရဲနိုင်နေတာ...ပြီးတော့ တော်ကီလည်း အရမ်းကောင်းတယ်ဆိုပဲ...အကုန်လုံးက သူ့အပြောမှာ မျှောပါသွားတတ်ကြတာတဲ့...စားဘဲ ပေါက်စဖြစ်ဖို့များတယ်...နောက်ဆိုရင် စားဘဲကြီး ဖြစ်လာလောက်တယ်...."

ကျိုးယွင်က ခနဲ့ကာပြောလာသည်။

"အဟက်!...အရင်ကတော့ ဖြစ်ချင် ဖြစ်မှာပေါ့...စိတ်မကောင်းစရာတစ်ခုက ငါနဲ့လာငြိသွားတာပဲ..."

ကျိုးယွင်က လက်ထဲကဖိုင်ကို လုရှောင်းကို ပြန်ပေးလိုက်ပြီး လုရှောင်းရဲ့လူယုံတွေဘက်ကို ကြည့်ပြီး ပြောလိုက်၏။

"သူ့ကို ရေအေးတစ်ဗုံး နဲ့ လောင်းချလိုက်..."

ကျိုးယွင်ပြောသည့် အတိုင်းပင် လူယုံတစ်ယောက်က ကုန်းရိကို ရေအေးဖြင့် လောင်းချလိုက်ပြီး မေ့ဆေးအမြန်ပယ်အောင် အမြန်လုပ်ပေးလေသည်။

သိပ်မကြာခင်မှာပဲ ကုန်းရိ၏ သတိပြန်လည်လာပြီး ချောင်းတစ်ဟွက်ဟွက်ဖြင့် ရေမွန်းသံက ထွက်ပေါ်လာသည်။
ကျိုးယွင်က ထိုသူရဲ့ရှေ့မှောက်ရှိ ထိုင်ခုံပေါ်မှာခြေချိတ် ထိုင်လိုက်သည်။
ကုန်းရိ အသိပြန်ဝင်လာပြီး သူ့ကို စကားပြောလာမည့် အချိန်ကို သဘောထားကြီးစွာဖြင့်ပင် စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးလိုက်သည်။

အတန်ကြာမှ ကုန်းရိသည် ဘေးပတ်ဝန်းကျင်နှင့် အနားရှိသည့်လူများကို သတိထားမိသွားပြီး လက်နောက်ပြန်ချည်ထားသည့်ကြိုးကို အတင်းရုန်းကန်လာခဲ့သည်။
ကုန်းရိသည် သူ့အရှေ့တွင် သူ့ကို သတ်ဖြတ်ချင်သည့် မျက်လုံးစူးကြီးဖြင့် ကြည့်နေသည့် ကျိုးယွင်ကို မြင်လိုက်ပြီး မသိစိတ်မှ တစ်ချက်တုန်လှုပ်သွားမိသည်။သူသည် ကျိုးယွင် သတိမထားမိအောင် ထိုကြောက်စိတ်ကို အမြန်ပယ်ဖျောက်လိုက်ပြီး သိချင်သည့်အကြောင်းအရာကို မေးလိုက်သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now