အပိုင်း၂၅

Start from the beginning
                                    

လုရှောင်း၏ လူယုံများသည်ပင် ကျိုးယွင်ကို တစ်ချက်သာကြည့်မိလိုက်ကြပြီး အလိုအလျောက် ခေါင်းငုံ့မိလိုက်ကြရသည်အထိပင်...
မျိုးရိုးမြင့် တစ်ခုမှ ကောင်းမွန်စွာ ကြီးပြင်းလာခဲ့၍လားမသိပါ... ကျိုးယွင်၏ပုံစံအလုံးစုံသည်ကား မာနကြီးသည့် သခင်လေးတစ်ယောက်၏ အရှိန်အဝါများနဲ့ ပြည့်နှက်နေပြီး ခပ်ဆိုးဆိုးလူငယ်တစ်ယောက်၏ အသွင်အပြင်အပြည့်ရှိအဝလွန်ကဲသည်။

ကျိုးယွင် ယခုလက်ရှိ အသွင်အပြင်သည် အသက်ပြည့်သည့်လူငယ်တစ်ယောက်ဟုထင်ရလောက်အောင်ပင်...တဖြည်းဖြည်း ရှည်လျားလာပြီဖြစ်သည့်အရပ်ကြောင့်လည်းဖြစ်ကောင်းဖြစ်နို​င်ပါသည်။
သူနဲ့ ကျိုးယွင်ရဲ့ အရပ်သည်ယခုဆို မသိမ်းမရိမ်းလောက်ပင်ဖြစ်လောက်သည်ဟု သူထင်မိသည်။

လုရှောင်းယွီက သူ့အရှေ့ကို ရောက်ပြီ ဖြစ်သည့် ကျိုးယွင်ကို မေးဆတ်ပြီး မေးလိုက်သည်။

"မင်း ဂိုဒေါင်ထဲ တန်းသွားမှာလား...ဒါမှမဟုတ် အရင်ခဏလောက် နားမလား..?."

"တော်ပြီ...မနားတော့ဘူး...ဂိုဒေါင်ဆီကိုပဲ တန်းသွားမယ်.."

ကျိုးယွင်ရဲ့ပုံစံက အတော်လေးလောနေတာကြောင့် လုရှောင်းလည်း ခေါင်သာ ဆတ်ပြလိုက်သည်။

"ကောင်းပြီလေ..မင်းသဘောပဲ...ဒါဆိုရင်လည်းအဲ့ကိုဘဲ သွားကြတာပေါ့..."

ကျိုးယွင်် ဂိုဒေါင် အတွင်းပိုင်းကို ရောက်တော့ ဆေးရှိန်ကြောင့် သတိမလည်သေးတဲ့ ကုန်းရိဆိုသည့်လူကို တွေ့လိုက်ရသည်။လုရှောင်းရဲ့လူတွေက ထိုလူ့ကို မေ့ဆေးအုပ်ပြီး ခေါ်လာခဲ့ဟန်ရှိသည်။ယခုအချိန်ထိ သတိလည်လာပုံမရသေး။

ကျိုးယွင်လည်း ထိုလူရဲ့အရှေ့တွင် ခုံဆွဲယူလိုက်ပြီး ထိုင်ကာ တစ်ချက်သေချာ အကဲခတ်ကြည့်နေလိုက်သည်။
လုရှောင်းသည် သူပြောခဲ့သည့် စကားများကိုတော့ အမှန်ပင် နားထောင်ပြီး ထိုလူ့ကို ဘာမှတော့ လုပ်မထားပေ။

လုရှောင်းက သူ့ဆီသို့  ဖိုင်တစ်ခုကိုပေးလာခဲ့သည်။
ကျိုးယွင်လည်းထိုဖိုင်ကို ယူကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။ဖိုင်ရဲ့ စာသုံးရွက်မြောက်မှာတော့ သူသည်မပြုံးနိုင်တော့ပေ။ကျိုးယွင်၏ မျက်လုံးများသည် ထိုရေးထားသည့် စာကြောင်းကိုသေချာစိုက်ကြည့်လိုက်ပြီး အတန်ကြာမှ
လုရှောင်းဘက်ကိုတစ်ဖန်လှည့်ကာ မေးလာသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now