one 🍓🚬

Mulai dari awal
                                    

တစ်​​ယောက်​ကဆံပင်​ဂုတ်​​ထောက်​​လောက်​အရှည်​​ကောက်​​ကောက်​​များနှင့်​။နောက်​တစ်​​ယောက်​မှာ​တော့တိုကပ်​​နေသည့်​ဆံပင်​စိပ်​စိပ်​​လေးများနှင့်​။ဆံပင်​အတိုနှင့်​တစ်​​ယောက်​လက်​ထဲတွင်​စီးကရက်​တစ်​ဘူးလည်းရှိ​သေးသည်​။

စီးကရက်​..ဆံပင်​အတို​တွေ..လွန်​ခဲ့တဲ့သုံးရက်​​လောက်​က
ဂို​ဒေါင်​ထဲမှာ စီးကရက်​မီးညှိခိုင်းသည့်​ လူများလား နာမည်​က ဘာလည်း ကင်​မ်​ ဂျွန်း ? ပြီး​တော့​နောက်​တစ်​လုံးက..ဟုတ်​ချင်​မှလည်းဟုတ်​မှာပါ။ဘာလို့ယဉ်​​ကျေးမှုမရှိ၊စည်းကမ်းမရှိတဲ့လူကို​မှ​ပြေးမြင်​ရတာလည်း ? ထားပါ !

အ​ရေးကြီးတာက ဆိုင်​ထဲမှာ​တော့စီးကရက်​မ​သောက်​​လောက်​ပါဘူး​နော်​။ဆော့ဂျင်​ကလည်း​ပြောရဲတာမဟုတ်​ဘူး။ဆိုင်​ထဲမှာလူကသူတစ်​​ယောက်​နှင့်​ ဟိုကနှစ်​​ယောက်​​တောင်​။မဖြစ်​ဘူး ! မ​သောက်​ခင်​ မြန်​မြန်​ဝယ်​ခိုင်းမှပဲ။ဘယ်​သူပဲဖြစ်​​နေ​နေ ​သောက်​​နေတုန်း သွားမ​ပြောရဲဘူး။

ဆော့ဂျင်​ ထိုလူငယ်​နှစ်​​ယောက်​အနားသို့တိုးကပ်​သွားလိုက်​သည်​။ဆံပင်​အတိုနှင့်​လူကို လက်​နှင့်​တို့ရန်​ပြင်​ပြီးမှအလျင်​အမြန်​ပြန်​လည်​ရုတ်​မိသွားသည်​။

"အဟမ်း ဟို စ​တော်​ဘယ်​ရီ​တွေကဒီ​နေ့မှခူးထားတာမလို့
လတ်​ဆက်​တယ်​ ညီ​လေးတို့ဘယ်​​နှစ်​ခြင်း​လောက်​ဝယ်
မှာလည်း​ဗျ"

သူ့စကားသံ​ကြောင့်​ဆံပင်​အရှည်​နှင့်​​ကောင်​​လေးကလှည့်​ကြည့်​လာပြီး အသိအမှတ်​ပြုဟန်​ပြုံးပြသည်​။ဆော့ဂျင်​လည်းနှစ်​လိုဖွယ်​ပြန်​လည်​ပြုံးပြပြီး​ ​ခေါင်းငြိမ့်​ပြလိုက်​သည်​။ဆံပင်​တိုနှင့်​လူက​တော့လှည့်​မကြည့်​လာ​သေး။

ဂျင်းအနက်​ဆင်​တူဝတ်​ထားသည့်​ ထိုလူက​ ​နောက်​​ကျောက
မြင်​ရတာ​တောင်​ အရပ်​ရှည်​တာမလို့ကြည့်​​ကောင်းတယ်​လို့ ​​ဆော့ဂျင်​​ကောက်​ချက်​ချမိသည်​။(ကိုယ့်​​လောက်မဟုတ်​​ပေမယ့်​​ပေါ့)။စိတ်​ထဲမ​သေချာတာ​တောင်​ စီးကရက်​မီးညှိခိုင်းသည့်​လူလို့ပဲခံစား​နေရသည်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Tempat cerita menjadi hidup. Temukan sekarang