မောင့်သည်းညှာရှင် အပိုင်း ၅

Start from the beginning
                                    

မျက်ရည်တွေမရပ်မနားကျကာ မော့ကြည့်မလာပဲ ခေါင်းတွင်တွင်ယမ်းခါနေသူကို သည်းညှာစိတ်မရှည်တော့ပဲ....

''ငါ့ကိုကြည့်လို့ ပြောနေတယ် တိမ်မိုးမြင့်တိုင်း''

နာမည်အပြည့်အစုံခေါ်လိုက်မှ ဆတ်ကနဲတုန်သွားပြီး မော့ကြည့်လာသူ..။မျက်ရည်တွေကို တယုတယ သုတ်ပေးလိုက်ပြီး....

''စမှတ်မိလာတယ်...မောင်နဲ့ အဲ့မိန်းမရဲ့ မျက်နှာ နှစ်ခု နီးကပ်နေတာကို နောက်ပြီး အက်ျီကြယ်သီးဖြုတ်နေတဲ့ လက်တစ်စုံရော...''

''ကိုကို..အဲ့တာက...''

''ရှူး...ကိုကို မေးမယ်...အဲ့ဒီကိစ္စမှာ မောင်ကိုယ်တိုင်ပါဝင်ရဲ့လား...နှစ်ဦးသဘောတူလား..အဲ့ဒါပဲဖြေ....''

''မဟုတ်ပါဘူး..မဟုတ်ဘူး..မောင်..''

''ရပြီ...လုံလောက်ပြီ...အဖြေကို ကိုကို ကိုယ်တိုင်ရှာမှာမို့....မောင်ကအခုမေးမယ့် ကိုကို့ အမေးတွေကိုအမှန်အတိုင်းဖြေပေး...ပြော..အဲ့ ကောင်မနာမည်...''

''ကေမေသော်...''

''Ok...လာ..သွားမယ်...ကိုကို့ကို ယုံ...''

သည်းညှာ မောင့်လက်ကိုဆွဲကာ သူမရှိရာထွက်လာခဲ့သည်..။နှစ်ယောက်လုံး ခုံပေါ် ဝင်ထိုင်လိုက်ပြီး...

''ဒီက ကေမေသော် ထင်ပါရဲ့..ကိုယ်က ရင်နှစ်သည်းညှာ ပါ...တွေ့ရတာဝမ်းသာပါတယ်''

လက်ကမ်းကာ မိတ်ဆက်လိုက်သည်..။လက်စွပ်ရှိရာ ဘက်ကို ကမ်းပေးလာကာ...

''အိုး...ဟုတ်ကဲ့...တွေ့ရတာဝမ်းသာပါတယ်.... ကိုတိုင်းရဲ့စပွန်ဆာဆိုတဲ့သူလား...''

လက်ချင်းဆွဲထားတဲ့ လက်တစ်ခုက တင်းကနဲဖြစ်သွားလို့ မော့ကြည့်တော့ လူစဥ်မမှီတဲ့စကားလုံးနဲ့ တိုက်ခိုက်လာ ပြီးမျက်ခုံးတစ်ချက်ပင့်ပြလာသည်..။သည်းညှာ တစ်ချက် ပြုံးလိုက်ပြီး ဆွဲထားတဲ့လက်ကိုမလွတ်ပေးပဲဆွဲထူလိုက်သည်..။ရေကူးကန်ဘေးကို အသာတကြည်ဆွဲခေါ်လာပြီး...နား နား ကပ်ကာ....

''ငါ့နာမည်ကြားပြီး ငါ့ကိုလျော့တွက်ရင် မှားသွားမယ် ကေမေသော်....ငါက အရင်က ရင်နှစ်သည်းညှာမဟုတ်ဘူး...မောင့်ရင်ဘက်ထဲမှာ ဘာနဲ့ဖြတ်ဖြတ် ပြတ်မထွက်တဲ့ မောင့်ရင်နှစ်သည်းညှာပဲ...ငါ့ကိုလာမတိုက်ခိုက်ပဲ မောင့်ရင်ထဲကအဲ့ဒီသည်းညှာကို ဖြုတ်ပြစ်နိုင်ရင် မောင့်ကိုယူသွားလိုက်....နောက်ထပ် မောင့်ကို နင့်ကြောင့် ထပ်မမေ့နိုင်ဘူး...''

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now