မောင့်သည်းညှာရှင် အပိုင်း ၅

ابدأ من البداية
                                    

တိုင်း ဒီနေ့ ကြော်ငြာ ဓာတ်ပုံ ပါရိုက်ရမည်မို့ Ent ကို အစောကြီး ရောက်လာခဲ့သည်..။တွဲရိုက်ရမည့် Model မင်းသမီးကခုထိမလာနိုင်သေးတာမို့ ဇာတ်ညွှန်းတွေဖတ်ရင်း စောင့်နေရသည်..။

ထိုတစ်ယောက်ကို မတွေ့အောင်ရှောင် နေမိကာမှ မန်နေဂျာ လက်ခံထားတဲ့ အလုပ်မှာ တွဲရိုက်ဖို့ အ ကြောင်းဖန်လာသည်..။ငြင်းဖို့ပြင်လိုက်ပေမယ့် လျော်စရာငွေက လက်ထဲမရှိတော့တာမို့ ငြိမ်နေလိုက်ရသည် ။ဘဏ်တိုက်လက်ထဲအကုန်ရောက်သွားပြီလေ...။

''အိုး...ကိုတိုင်း...ရောက်နေတာကြာပြီလား..ကေ နောက်ကျသွားတယ်...''

အသံက နောက်မှ လက်က ပခုံးပေါ်အရင်ရောက်လာသည်..။ဒီဟာမ ငြိမ်ငြိမ်ကိုမနေနိုင်ဘူး..။

''မင်း လက်ကို အရင်ဖယ် ကေမေသော် စောက်ပြဿနာ မဖန်တီးချင်နဲ့..ငြိမ်ငြိမ်နေ...''

ခါထုတ်ပြီး မတ်တပ်ထရပ်လိုက်ကာ မျက်နှာချင်းဆိုင်ကိုလှည့်အကြည့် သူ့ခေါင်းကိုဖိကိုင်ကာ စူးစိုက်ကာကြည့်နေသော ကိုကို့ ကို တွေ့လိုက်ရသည်..။သွားပြီ...အရင်တစ်ခါလိုထပ်ဖြစ်လို့မရဘူး..။

''ကိုကို...ကိုကို...''

တိုင်း အနားကိုအပြေးသွားလိုက်ပြီး...ခေါင်းကိုဖိကိုင်နေသော လက်ကို ဆုပ်ကိုင်လိုက်သည်...။

''ကိုကို..မောင်ပြောပြမယ်..မောင်ရှင်းပြမယ်...စိတ်ကိုလျော့နော်..သူ့ကြောင့် နောက်တစ်ခါ ကိုကိုထိခိုက်လို့မဖြစ်ဘူး...အင့်...အီး..နောက်ထပ်ထားမသွားပါနဲ့..ကိုကို..''

သည်းညှာ အရိပ်တွေဝိုးတစ်ဝါး မှတ်မိလာသည်..။မျက်နှာချင်း နီးကပ်နေသူ လူနှစ်ဦး..။အက်ျီကြယ်သီး တစ်လုံးချင်းဖြုတ်နေသော လက်ရဲ့ လက်ခလယ်မှာ ဝတ်ဆင်ထားသော ပတ္တမြားလက်စွပ်ပိုင်ရှင်..။

သည်းညှာ အဝေးက သူမကို လှမ်းကြည့်လိုက်တော့ နေရောင်စူးလို့ကာနေတဲ့ လက်မှာ ပတ္တမြားလက်စွပ်လေးက နေရာယူလို့...။ရှင်းပြပါ့မယ်...သူ့ကြောင့် နောက်တစ်ခါထိခိုက်အောင်မလုပ်ပါနဲ့လို့ တောင်းဆိုနေသူရဲ့ မျက်နှာကိုဆွဲမော့လိုက်ပြီး...

''မောင်...ကိုကို့မျက်နှာကိုသေချာမော့ ကြည့်စမ်း...''

''အင့်..အီး...မပြောပါနဲ့..မထားခဲ့ပါနဲ့တော့..အီး..''

မောင့်သည်းညှာရှင် (Completed)حيث تعيش القصص. اكتشف الآن