ကျွန်တော်တို့က....

"ချန်းယောလ်! ချန်းယောလ်!''

"အင် အင်း ဘတ်ဟျွန်း''

"Roundလှည့်ဖို့နီးပြီထင်တယ် ကျွန်တော်သွားတော့မယ်''

ကျွန်တော့်အေးချမ်းရာလေး အသံကြားမှ အာရုံတို့ကိုပြန်စိုက်ပစ်ရသည်။

"အစစအရာရာ အဆင်ပြေပါစေဘတ်ဟျွန်း''

"ချန်းယောလ်ရောပဲ''

တစ်ယောက်တစ်ဘက်စီလှည့်ထွက်ခဲ့ကြတဲ့ ကျွန်တော်တို့နှစ်ယောက်က မြင်ရတဲ့သူတိုင်းကို အားမလိုအားမရဖြစ်စေလောက်ပါရဲ့။

ခြေတစ်လှမ်းချင်းကို ဖြည်းညင်းစွာလျှောက်ရသည်။
လှုပ်ရှားမှုများလေ ပိုမောလာကြလေမို့...။

"ချန်းယောလ်''

နာကျင်လို့ကျုံ့ထားမိတဲ့မျက်ခုံးတွေကို နောက်အလှည့်မှာအမြန်လျှော့ချပစ်ရသည်။

"အင်း ဘတ်ဟျွန်း''

"လိုက်ဖက်တယ်''

ဘာကိုဆိုလိုတာမှန်းကျွန်တော်နားမလည်။

"လိုက်ဖက်တယ် ချန်းယောလ်က အဲဒီမာဖလာနဲ့''

စိတ်ရှိတိုင်းသာဆို ပြေးပြီးပွေ့ဖက်ဖြစ်မှာပေမယ့် ကျွန်တော့်ခန္ဓာကိုယ် အခြေအနေမဟန်တော့တာမို့ အားကုန်သုံးပြီးပြုံးပဲပြလိုက်ရသည်။

လည်ပင်းက မာဖလာလေးကတော့ ပိုပြီးနွေးထွေးလာသယောင်...။

...

...

...

"လူနာ..!''

"လူနာ...!''

အပြေးဝင်လာတဲ့သူနာပြုတွေရဲ့အသံကို ကျွန်တော်ကြားတစ်ချက်မကြားတစ်ချက်ရယ်ပါ...။

ကျွန်တော်ဒီရက်ပိုင်း လေစိမ်းတိုက်ခံတာများသွား၍ထင်သည်။
အသက်ရှူတွေတစ်ဆထက်တစ်ဆကြပ်လာတာသတိထားမိသည်။

ဒီနေ့ ဘတ်ဟျွန်းနဲ့တွေ့ပြီးပြန်လာတော့ ဘယ်လိုမှအားမတင်းနိုင်တော့တာဖြစ်သည်။

အခုတော့ အသက်လုံးဝရှူလို့မရတဲ့အခြေအနေဖြစ်ခဲ့ပြီ။
ကုတင်ပေါ်မှာကျွန်တော်ဟာ မလှုပ်မယှက်။

MELANCHOLY (Completed)Where stories live. Discover now