𝗗𝗘𝗦𝗧𝗜𝗡𝗬

Start from the beginning
                                    

လူနာဝတ်စုံ အဖြူရောင်ဝမ်းဆက်ကို ကျွန်တော့်ကိုယ်ပေါ်မှာ smartကျသွားအောင် လက်တစ်ဖက်နဲ့ကျကျနနပြင်ဆင်လိုက်သေးသည်။

ဘယ်လက်တစ်ဖက်ကတော့ ဆေးပိုက်တန်းလန်းနဲ့မို့ လှုပ်လို့မရ...။

အနွေးအင်္ကျီတကားကားနဲ့ဆို လူမမာရုပ်ပိုပေါက်မှာစိုးလို့ အပေါ်ထပ်ဝတ်မနေတော့ဘဲ ဖြည်းဖြည်းချင်း ကျွန်တော့်အခန်းထဲကနေ အောက်ထပ်ရောက်သည်အထိ ဆင်းလာခဲ့သည်။

လမ်းလျှောက်လိုက်တော့လည်း သိပ်မချမ်းတော့ပါ။

SNUH cancer အထူးကုဆေးရုံကြီးမှာ ကျွန်တော်ရောက်နေခဲ့တာအချိန်တစ်ခုကြာပြီပေါ့။

Leukemia (သွေးကင်ဆာ) နောက်ဆုံးအဆင့်ပေမို့ ဘယ်လောက်မှကြာကြာမနေရတော့မှာလည်းသိသည်။

မျိုးရိုးလိုက်တဲ့ရောဂါတစ်ခုအတွက် ကျွန်တော်စိတ်မကောင်းမဖြစ်ခဲ့ပါဘူး။
အကြောင်းရှိလို့အကျိုးတွေဖြစ်လာရတာပဲမဟုတ်လား။

ကျွန်တော်ရောဂါနဲ့ပတ်သက်လို့ ဘာမှဆက်မတွေးတော့ပဲ
မဆင်းရတာကြာတဲ့ဆေးရုံဝင်းထဲက ဆောင်းလေအေးအေးတွေကိုသာ တစ်ဝကြီးရှူရှိုက်မိလိုက်သည်။

တရွေ့ရွေ့သွားလာနေကြတဲ့လူတွေကိုကြည့်ရင်း သူတို့နည်းတူ စိတ်ကိုလွှတ်ချထားလိုက်သည်။

အစားအသောက်ပျက်နေပေမယ့် ငါးပေါင်မုန့်ရောင်းတဲ့ဆိုင်လေးကိုမြင်တော့ စားချင်စိတ်နည်းနည်းဖြစ်လာတာမို့ သွားဝယ်စားလိုက်ပါ၏။

ဆိုင်လေးကတော်တော်လေးချစ်ဖို့ကောင်းပါရဲ့။

ကျွန်တော်ပိုက်ဆံရှင်းအပြီး ဆေးပိုက်တန်းလန်းနဲ့ ကလေးငယ်တွေ အလုအယက်ရောက်လာကြတဲ့အတွက် နောက်ဆုတ်ပေးလိုက်ရင်း
အကုန်ရောင်းလိုက်ရလို့ပြောင်သွားတဲ့ ဗန်းလေးကိုကြည့်ပြီး ဆိုင်ရှင် အစ်ကိုကြီးကို စ,လိုက်သည်။

"ကျွန်တော်အရင်ရောက်လို့ ကံကောင်းသွားတာပေါ့''

"ဟား ဟုတ်ပါ့ကွာ''

သာမန်လူတစ်ယောက်လို တွေးပြီးနေထိုင်ရတဲ့အချိန်က တကယ်ပဲ အဖိုးဖြတ်မရအောင်တန်ဖိုးကြီးလှပါရဲ့။

MELANCHOLY (Completed)Where stories live. Discover now