မောင့်သည်းညှာရှင် အပိုင်း ၃

Start from the beginning
                                    

''ရေချိူးတော့ကိုကို အအေးဓာတ်ဝင်လာပြီ ရေနွေးစိမ်ချိူး....''

''အဟမ်း...မင်းလည်း အခန်းပြန်အုံး..အပြင်က အေးတယ်..ငါပြီးရင် ဖုန်းဆက်လိုက်မယ်....''

''အာ...ကိုကိုကလည်း...''

''ကိုကိုက မလဲနဲ့...ငါ့စကားနားထောင်စမ်း...''

''အာ့ဆိုနားထောင်ချင်အောင်ပြောလေလို့...မောင်ရေ...အပြင်ကအေးတယ်..အထဲသွားနေနော်..ကိုကိုပြီးရင် ဖုန်းဆက်မယ် မောင်ရဲ့ လို့ပြော...''

''လိ့မှမပြောဘူး..အအေးပတ်ခံနိုင်ရင် နေလေ...ခြောက်ပေကောင်...''

အဲ...ဆဲတယ်ဟ...။အားးးးး...အဲ့ဆဲသံမကြားရလို့ စိတ်မချမ်းမသာဖြစ်နေတာ...။ကိုကိုက သူ့ကိုမေ့သွားတာကလွဲရင် အရင်လိုပဲ..။တစ်ခုမှမပြောင်းဘူး...။

ခုမှပိုလွမ်းလာတယ် ကိုကိုရယ်..။

သူ့စိတ်အလိုကျအတိုင်းအမိန့်ပေးကာ ချသွားသောဖုန်းလေးကြည့်ပြီး တိုင်းသဘောတကျ ပြုံးလိုက်မိသည်..။

အခန်းမပြန်ရင် ပြဿနာရှာမစိုးလို့ ဆိုင်ကယ်ကိုလှည့်မောင်းကာပြန်လိုက်ရသည်...။၈နာရီခွဲကာနီးတော့ အဆင်သင့်ဖြစ်နေကြောင်း ဖုန်းဆက်လာသည်မို့ ဆိုင်ကယ်ပေါ်တက်ခွကာ မောင်းထွက်လာခဲ့သည်.....။

ဆိုင်ကယ်ကိုဖြေးဖြေးမောင်းလာရင်း အိမ်ရှေ့ကိုလှမ်းကြည့်မိတော့ အညိုရောင်ရုပ်တုလေးတစ်ရုပ်က စောင့်လို့....။အညိုရောင်ကြိုက်တာလည်းမပြောင်းသွားဘူးတစ်ခုပဲ...ကိုကိုက သူ့ကိုပဲမေ့သွားတာ...ကိုကိုမကောင်းဘူး...ကိုကိုလူဆိုး..။

ဖိနပ်...အက်ျီ..ဘောင်းဘီ ဆောင်းတဲ့ဆိုင်ကယ်ဦးထုပ်ကအစ အညိုရောင်...။

''ကိုကို...ဘာစားပြီးပြီလဲ...''

ဆိုင်ကယ်မောင်းရင်း မေးလိုက်တော့ သူ့နောက်ကျောကို ရင်ဘက်ကလေးကပ်လာပြီး...

''ပြီးမှတစ်ခုခုသွားစားရအောင်....ဆွမ်းဦးပုညရှင်ကိုအရင်ပို့...''

''အင်း..အင်း...အေးတယ်...မောင့်ကိုဖတ်ထား..လက်နှိူက်ထားချင်လည်းရတယ်...''

''ဘောကိုနှိူက်...''

''ဪ..အဲ့ဒီနှိူက်ချင်တာလား..ပြီးရင် ကိုကိုပြန်ထိန်းပေးလေနော်...မနက်ဆိုတော့ သူလည်းနိုးနေတာ...ကျွန်တော်တောင်ထိန်းမရဘူး...''

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now