မောင့်သည်းညှာရှင် အပိုင်း ၁

Начните с самого начала
                                    

ဝေးသေးတယ်....အဲ့လို ပေါ့ပျက်ပျက်အချစ်စကားကို သည်းညှာတို့က ရင်ခုန်မနေဘူး..။

မကြည်တဲ့စိတ်အခြေအနေကြောင့် မျက်နှာကိုတစ်ချက်မဲ့ရွဲ့ကာ ခပ်တည်တည်မျက်နှာပေးနဲ့စိုက်ကြည့်နေလိုက်သည်...။

သည်းညှာရဲ့မျက်နှာတည်ကြီးကိုမြင်တော့ဘေးဘက်ဆီ ခေါင်းလှည့်ကာ တစ်ချက်ခိုးရယ်လိုက်သူကြောင့် အံ့ကြိတ်လိုက်မိပြန်သည်...။

လူကိုစောက်ခွက်လာပြောင်နေတာ..ဒင်းက..။တော်ပြီ...ဒီလူရမ်းကားကို ဆက်သည်းမခံနိုင်တော့ ...။ဖုန်းချပြီးရင် ဘလော့ပစ်မည်ဟုသာငြိုးတေးထားလိုက်သည်...။

''ဟေး...ကိုယ့်နာမည်က တိမ်မိုးမြင့်တိုင်းအသက်က ၂၀....မနေ့က စင်ကာပူကပြန်ရောက်တယ်...မန္တလေးမှာနေတယ်...Model လုပ်တယ်.. သီချင်းတွေ cover လည်းဆိုတယ်.....ကိုယ့်အကြောင်းကအကုန်ပဲ....''

မိမိမမေးပါပဲ သူ့အကြောင်းတွေကိုဖွင့်ဟမိတ်ဆက်လာသော သည်းညှာ ရှေ့က ကလေးမရောက် လူကြီးမရောက်ကို ခပ်မဲ့မဲ့ကြည့်လိုက်ပြီး..

''မင်းက..ကိုယ့်ကို အသက်ဘယ်လောက်ထင်လို့ သူငယ်ချင်းပြောလာပြောနေရတာလဲ...''

တစ်ဖက်က ဖုန်းကိုstand တစ်ခုမှာထောင်လိုက်တာထင်ပါရဲ့.တစ်ကိုယ်လုံးကွက်ကွက်ကွင်းကွင်းမြင်နေရသည်..။Model ပီပီ အရပ်ကရှည်လိုက်တာ..။၆ပေကျော်မည်ထင်...။သစ်ကုလားအုပ်ကြီးရောက်နေသလားမှတ်ရ..။အင်း....လည်ပင်းရှည်တာနဲ့ခြေတံရှည်တာတော့ကွာခြားပေမယ့်ပေါ့...။

''ကိုယ့်အရပ်ကိုကြွေနေပြီမလား...ကိုကို့အကြောင်းပြောပြ....''

နှုတ်ခမ်းထူထူဆီက ခပ်ချိူချိူထွက်လာတဲ့ခေါ်သံနာမ်စားတစ်ခုက သည်းညှာရင်ကိုတိုးဝှေ့လာသည်..။အလိုက်မသိတဲ့ ဘယ်ဘက်ရင်အုံက ဒိတ်ကနဲ...။

''ကိုကို့..ဘာတွေတွေးနေတာလဲ...ပြောပြလို့...''

သည်းညှာ သက်ပြင်းဖွဖွချလိုက်ပြီး...ကိုယ်တိုင်မိတ်ဆက်ရတော့သည်..။

သည်းညှာအဖြစ်ကဖွန်ကြောင်ပြီးချစ်စကားကြိုက်စကားလည်းအပြောခံရတယ်....ကိုယ့်အကြောင်းလည်း ကိုယ်တိုင် သတင်းပေးရတယ်..။သိပ်တော့မကျေနပ်....ဒီကောင်ကို အပြင်မှာသာတွေ့ရရင်ဆွဲထိုးပစ်လိုက်ချင်သည်...။ဒီရက်အတွင်း သည်းညှာ လက်ဆစ်တွေယားနေတာ ဒီကောင်မျက်နှာနဲ့မိတ်ဆက်ချင်လို့ဖြစ်နိုင်သည်...။

မောင့်သည်းညှာရှင် (Completed)Место, где живут истории. Откройте их для себя