မောင့်သည်းညှာရှင် အပိုင်း ၁

Start from the beginning
                                    

💬ခင်ဗျားနဲ့ဘာဆိုင်လို့လဲ..ဘာပတ်သက်လို့အမိန့်လာပေးနေတာလဲ..🙁🙁💬

💬အခုပတ်သက်တော့မှာလေ..ကိုယ် မင်းကိုချစ်လို့..ပြန်ချစ်ပေးမယ်မလား...😚💬

ဟာ....ဘယ်လိုလူလဲ...။သည်းညှာသည်းခံစိတ်တို့ရေကုန်ရေခမ်းသွားသလို ကြည်ဖြူကျေနပ်ခြင်းမရှိတော့...။

💬ဘာဗျ...ခင်ဗျားမမိုက်ရိုင်းနဲ့...😑💬

မကျေမနပ်စိတ်ကအတွေးထဲတနုံ့နုံ့နဲ့ခံရခက်လှသည်မို့ ပြေးထိုးချင်စိတ်ပေါ်လာရသည်...။တစ်ဖက်လူကတော့ သည်းညှာဒေါသကိုလစ်လျူရှူကာ ခပ်သော့သော့စာတစ်ကြောင်းပြန်ပို့လာပြန်သည်...။

💬ရိုင်းစရာလား..လူကြီးလေးရယ်...မျက်နှာမြင်ချင်လို့...v callခေါ်မယ်..ကိုင်နော် မကိုင်ရင် နောက်နေ့ အိမ်ရှေ့ရောက်လာပြီးအော်မှာ...😘💬

ဘုရားရေ....ပြောပြောဆိုဆို ချက်ချင်းကြီး v callခေါ်လာသူကြောင့် သည်းညှာ လန့်သွားရသည်..။

သူ လူရမ်းကား ကို fri လက်ခံမိသွားသလား..။
၃ ခါမြောက်ခေါ်တဲ့အထိ မကိုင်တော့ voice massageတစ်စောင် ရောက်လာပြန်သည်..။

💬ခုမကိုင်ရင် မနက်နောင်တရမယ်နော် လူကြီးလေး.💬..

အသံကဒေါသသံပါနေသည်ဟုထင်မှတ်မိလိုက်သည်မို့ သည်းညှာနားကြားမှားနေသလားလို့တွေးမိလိုက်သေးသည်..။မိမိနဲ့ထိုသူက အခုမှစတွေ့တာမဟုတ်လား.....v callမကိုင်လို့တော့ ဒေါသသံပါစရာမလိုဘူးလို့ သည်းညှာတွေးမိသည်...။

သို့ပေမယ့် ထပ်၀င်လာတဲ့ v call ၅ကြိမ်မြောက်အပြီးမှာတော့ သည်းညှာ ဒီတကြိမ် ဖုန်းကိုင်လိုက်ဖို့ပြင်လိုက်ရသည်..။

ဒီလူရမ်းကားကို နောက်ရက် ဘလော့ပစ်မယ်..ဟွန်း။

၆ကြိမ်မြောက်၀င်လာတဲ့ v callကို ကိုင်လိုက်တော့ phone screen ထက်မှာပေါ်လာတဲ့ မျက်နှာချောချော...။

''hello လူကြီးလေး...ချစ်တယ်နော်..''

ကဲ ကြည့်...။စတွေ့တွေ့ချင်းပြောတဲ့စကားက ဖွန်ကြောင်စကား...။မျက်နှာထားကပြီတီတီ...။တကယ်ကို မြန်မာဇာတ်ကားတွေထဲက စိုင်းအောင်တင့်ရုပ်နဲ့...။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now