Healing Love (20)

Start from the beginning
                                    

" ငါ့မောင်ရေ... အစ်မတို့ရောက်ပြီ "

တံခါးဖွင့်ပြီဆိုတာနဲ့ အသံအရင်ပြုတဲ့ အစ်မက ထုံးစံအတိုင်း နှုတ်ဆက်၏။ ထူးဆန်းနေသည်က ကိုယ်။ အစ်မ အနောက်က ပါလာမယ့် ကိုယ့်ကောင်လေး ဝင်လာမှာကို စောင့်ရင်း ရင်ကတလှပ်လှပ်၊ နောက်ဆုံးတော့ နုနုငယ်ငယ်လေးကို တွေ့လိုက်ရပါပြီ။

" အစ်ကို့~~~"

ဝင်ဝင်လာချင်းပဲ ကိုယ့်ဆီ ခပ်သွက်သွက်လေး လာကာ ဖက်တော့၏။ သူ လွမ်းနေတာပါပေါ့။

" အမလေး.... ငယ်ငယ်တို့များနော် ! သူ့လူကို တွေ့တော့မှ ချွဲတာတော့် "

ယောက္ခမ ပြောပြကတည်းက Baekhyun မရီးမှာ Chanyeol တစ်ယောက်ကိုသာ လှည့်ပတ်စနောက်နေ၏။ အိမ်မှာလည်း စစ်ပြေငြိမ်းဖို့ သူက ကြိုးပမ်းရသေးသည်။ Baekhyun အမေနဲ့ Baekhyun က တစ်ဖက်၊ အဖေနဲ့ အစ်ကိုက တစ်ဖက်ဖြစ်ပြီး Chanyeol အကြောင်းပြောရင်တောင် အဖေနဲ့အစ်ကိုက မကြိုက်ချင်။ ထိုအခါ ယောက်ျားနဲ့ ယောက္ခထီးကို ကိုယ်က Chanyeol အကြောင်းတွေ ဖောက်သည်ချရ၏။

အခုလည်း သူ့အရှေ့မှာ အကဲပိုနေတဲ့ အတွဲကို စနောက်နေပြန်၏။ သူ့အနေနဲ့တော့ Chanyeol က အပြစ်ပြောစရာတစ်ကွက်မရှိပါ၊ လူငယ်ပေမယ့် တည်ကြည်ဖြောင့်မတ်တယ်။ ပြတ်သားတယ်။ အရည်အချင်းရှိတယ်။ စိတ်ထားလည်း ပြည့်ဝတယ်။ ဒီလိုလူငယ်မျိုးက ဥာဏ်ထက်မြတ်ပြီး အနေအေးတဲ့ ကိုယ့် မတ်ကလေးနဲ့ဆို နေနဲ့လ ရွှေနဲ့မြပဲ။

" ခဏထိုင်ဦးနော် ကောင်လေး.... အလုပ်နည်းနည်း လုပ်ပြီးရင် တရားရုံးသွားကြမယ် "

" ဟုတ်ကဲ့ "

ခေါင်းလေးညိတ်ပြတော့ အသည်းယားမိကာ ပါးနုနုကို သူ တစ်ချက် ညှစ်လိုက်မိ၏။ နာသွားမှာ အသေအချာပါပဲ...သို့သော် ကောင်လေးကတော့ ဘာမှမပြော။
အမှုသည်တွေလာရင် ဆွေးနွေးနေကျ ဆိုဖာခုံမှာ ခဏထိုင်ခိုင်းလိုက်ကာ Chanyeol က လျှောက်လဲချက်ရေးဖို့ လုပ်၏။ Baekhyun ကတော့ သူ ထိုင်ခိုင်းတဲ့အတိုင်း ငြိမ်ငြိမ်လေးထိုင်ကာ game ဆော့နေသည်။

ခဏကြာတော့ နှစ်ယောက်သား တရားရုံးဆီ ထွက်လာခဲ့၏။ နှစ်ယောက်အတူ ယှဥ်လျှောက်တော့ ကောင်လေး ကပဲ သူ့လက်ကို လာဆုပ်ကိုင်သည်။ အမြဲတမ်း ခပ်တန်းတန်း ဆက်ဆံလာခဲ့တဲ့ Chanyeol ကတော့ ဒီလို skinship နဲ့ စကားနုနုယွယွလေးတွေပြောဖို့ ခက်ခဲနေသေးပုံ။

Healing LoveWhere stories live. Discover now