အင်း..မ​လျှော်​ချင်​ပါဘူးဆိုမှ။သို့​သော်​လည်းထပ်​မံမကြိမ်​ဆဲမိ​တော့ပါ။

🍓🚬

တက်​တူး​လေး​တောင်​မှထိုးခွင့်​မရှိဘူးလား ?
ပေါက်​ကွဲလွန်းတာ​ကြောင့်​ လက်​ထဲကဂစ်​တာကိုကုတင်​​စောင်းအ​ပေါ်သို့အားကုန်​လွှဲချပစ်​သည်​။ကိုယ်​တိုင်​စုဝယ်​ထားရတဲ့အဖိုးတန်​​လေး​ပေမယ့်​မတတ်​နိုင်​ပါ။

မရှိမယ့်​ရှိမယ့်​ဆံပင်​တိုတို​တို့ကိုကုတ်​ခြစ်​မိသည်​။
ကိုယ့်​ထက်​သုံးနှစ်​ခန့်​ငယ်​သည့်​​ဂျောင်​ကု​တောင်​မှ ဆံပင်​အရှည်​​ကောက်​​ကောက်​​တွေ၊တက်​တူး​တွေနှင့်​..ကြည့်​​ကောင်းမှုဟာအပြည့်​။

ကိုယ့်​မှာ​တော့တက်​တူးမ​ပြောနှင့်​။ဆံပင်​​တောင်​နားရွက်​​ကျော်​​အောင်​ထားခွင့်​မရှိဘူးတဲ့။မိဘ​တွေထုတ်​ထားတဲ့စည်းကမ်းဟုထင်​သလား။ရာနှုန်းပြည့်​မှားသည်​။ရည်းစား​လေးတစ်​​ယောက်​ထားမိပါတယ်​။ပုံစံကအသက်​​​လေးဆယ်​အရွယ်​ဦး​လေးကြီးနှင့်​ပင်​တူ​နေ​လေပြီ။

"​တောက်​ ခံပြင်းလိုက်​တာကွာ shittttt"

ထုံးစံအတိုင်းဆဲ​ရေးပြီး​နောက်​ ကုတင်​ကျယ်​ကျယ်​အ​ပေါ်သို့လှဲချမိသည်​။ဘေးခုံတွင်​တင်​ထားမိ​သောစီးကရက်​ဘူးအားဆွဲယူရင်းမီးညှိသည်​။ရှိုက်​ခနဲဖွာလိုက်​ရင်းအိပ်​ခန်းကျယ်​အတွင်း​အ​ငွေ့များပျံ့​နှံ့​စေသည်​။

ထူး​တော့ထူးဆန်းသည်​။သူ့ရည်းစားဟာစီးကရက်​ကို​တော့​သောက်​ခွင့်​​ပေးသည်​။ကိုယ်​ကလည်းစီးကရက်​ကို ရည်းစားထက်​ပိုစွဲ​နေပြီ​လေ။

ဖုန်းvibtrateအသံသည်​ နားထဲတွင်​ကန့်​လန့်​တိုက်​လွန်းသည်​။စီးကရက်​ကိုခပ်​ပြင်းပြင်းရှိုက်​ပြီး​နောက်​ ဖုန်းအား speakerဖွင့်​ထားလိုက်​သည်​။မျက်​လုံးများမှာ​တော့ မျက်​နှာကျက်​အပြာနုအားအ​ငွေ့များကြားမှလှမ်းကြည့်​​နေမိ၏။

*စိတ်ဆိုးလည်းမတတ်​နိုင်​ဘူး ကင်​မ်​နမ်​ဂျွန်း*

စူးခနဲထွက်​လာ​သောမိန်းက​လေးအသံ​ကြောင့်​ သူခပ်​ဟဟရယ်​မိသွားသည်​။ရည်​စားကအ​ပြောအဆိုကြမ်း​ပေမယ့်​ဒီလိုအချိန်​ဆိုအသည်းယားစရာ​ကောင်းသည်​။

Strawberries & Cigarettes🍓🚬 { NamJin } Completed !!!Where stories live. Discover now