အပိုင်း၂၄

Start from the beginning
                                    

ရှောင်ဟန်လည်း ဖွင့်ရန်ပြင်နေသည့် ဖုန်းကို ဆက်မဖွင့်တော့ဘဲအသိမသာဖြင့်ပင် ဘေးအနားရှိ စားပွဲ အပေါ် သို့သာ လှမ်းတင် လိုက်ရတော့သည်။

သူသည် အနားသို့ ရောက်ရှိလာသည့် ကျိုးယွင်ကို နွေးထွေးစွာ ပြုံးပြလိုက်ပြီးမနေနိုင်စွာဖြင့် မေးလိုက်မိသည်။

"အောက်ထပ်ကို ဆင်းသွားပြီး ဘာသွားလုပ်တာလဲ...
အားယွင်က..."

ကျိုးယွင်သည် ရှောင်ဟန်၏ဘေး နေရာအလွတ်တွင် ဝင်ထိုင်လာပြီး ချွဲချင်သည့်လေသံကလေးဖြင့်တုန့်ပြန်လာ၏။

"အောက်ထပ်ကို သွားတာ မဟုတ်ပါဘူး...ကောကလည်း...ကျွန်တော်က အဖေ့ဆီကို ခဏ ခွင့်သွားတောင်းတာပါ..."

"ခွင့်သွားတောင်းတယ်...ဘာအတွက်လည်း..."

"ဟို...နေ့လယ် ပြန်အရောက်တုန်းက လုရှောင်းက ကျွန်တော့်ကို ဖုန်းဆက်လာတယ်လေ...ဒီညသူ့အိမ်မှာ ညပါတီရှိတယ်တဲ့ သူ့ညီရဲ့ မွေးနေ့လို့တော့ပြောတာပဲ...အစက ကျွန်တော်က ကောနဲ့ အတူသွားရအောင်လို့ပဲ...ဒါပေမဲ့ ပွဲက လုရှောင်းရဲ့ ပွဲမဟုတ်ဘူးလေ...
သူ့ညီရဲ့ပွဲ...အဲ့ဒါကြောင့်ကောကို မခေါ်တော့တာ..
ကျွန်တော်ကကျတော့ မသွားလို့မဖြစ်ဘူး...သူငယ်ချင်းအရင်းကြီးလည်းဖြစ်ပြီး သူ့မိဘတွေနဲ့ကလည်း သိနေတော့..."

"......."

"အဲ့တာ အဖေ့ကို ခွင့်သွားတောင်းတာ...အဖေကတော့ ခွင့်ပြုတယ်တဲ့...ကောကိုလည်းအသိပေးချင်လို့...ကောရော...ဒီကိစ္စကို ဘယ်လို သဘောရလည်း..."

ရှောင်ဟန်သည် သူ့ရဲ့ ဝမ်းသာသွားသည့် သူ၏ မျက်နှာထားကို မဖော်ပြဘဲ သဘောထားကြီးတဲ့ အစ်ကိုကြီးဟန်ပန်ဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ လုပ်ပြလိုက်ပြီး

"အင်...ကောကတော့...အားယွင်လေး သဘောပါပဲ...စောစောတော့ ပြန်လာမယ်မို့လား...."

ကျိုးယွင်က သေချာစဉ်းစားလိုက်ပြီးနောက် ခေါင်းလေးခါကာ ချစ်စဖွယ် အမူအရာလေးဖြင့် ဆိုလာသည်။

"အဲ့တာတော့ ကျွန်တော်လည်း မသိရသေးဘူး...တစ်ခါမှလည်း...ဒီလိုမျိုးမသွားဖူးဘူးတော့ ပွဲပြီးတာနဲ့ တန်းပြီးပြန်လာမှာပါ...ဟီး...အပြန်တော့ နည်းနည်းနောက်ကျလောက်မယ်...ဘာလဲ...ကောက ကျွန်တော် နောက်ကျရင်...တစ်ယောက်တည်းနေရမှာ ကြောက်လို့လား...အခုအရွယ်ကြီးအထိ သရဲ ကြောက်တယ်လို့တော့ လာမပြောနဲ့ နော်..."

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now