Part-8

553 39 0
                                    

ခြယ်အကို့ခြံထဲရောက်တော့ အိမ်ကိုတစ်ချက်ကြည့်လိုက်တယ် တော်တော်ကြီးတယ်ဗျ အကိုဆို့တော်တော်ချမ်းသာပုံပဲလို့စိတ်ထဲမှာပြောလိုက်တယ်
-ခြယ်လာလေ မာမီကခြယ့်ကိုစောင့်နေတယ်
-ခြယ့်ကိုသိလို့လားဗျ
-အင်း ကိုပြောပြဖူးလို့ သိထားတာ
-သြော် ဟုတ်
-လာလေ ခြယ် ဧည့်ခန်းထဲသွားကြမယ်
-သားစစ်လာပီလား မာမီကစောင့်နေတာပါနော်
-ခြယ် ကို့မာမီသွေးသားနီတဲ့ မှတ်ထားနော်
-တွေ့ရတာဝမ်းသာပါတယ်ဗျ ရောင်ခြယ်ခပါဗျ
-အမလေး သားစစ်ပြောတာထက်ကိုချစ်ဖို့ကောင်းနေရောပဲ သားခြယ်လေးက
-ကဲမာမီ ခြယ့်ကိုခါ်ပီးမုန့်ကျွေးအုံးလေ
-ဟုတ်သားပဲ မာမီ့Bdလေသားခြယ်ရဲ့ ရွှေတောင်ခေါက်ဆွဲချက်တယ် ကြိုက်ရဲ့လား
ကြိုက်တယ်ဗျအန်တီ
-မာမီလို့ခေါ်ပါသားခြယ်ရဲ့
-ဟုတ် ဟုတ်ကဲ့မာမီ
-ကဲလာကြ မာမီပြင်ပီးပီး စားကြမယ်
-ကောင်းတယ်ဗျ ကျေးဇူးတင်တယ်နော်မာမီ
-ဟုတ်ပါပီကွာ သားစစ်သားခြယ်ကိုသေချာပြန်ပို့နော်
-ဟုတ်ကဲ့ပါမာမီရာ စိတ်ချ
-မာမီ ခြယ်ပြန်လိုက်ပါအုံးဗျ
-ကောင်းပါပီရှင် နောက်လဲလာနော် မာမီမျှော်နေမယ်
-ဟုတ်ကဲ့ဗျ
-ခြယ်သွားကြမယ်
-ဟုတ်
-ခြယ် အခုအိမ်ပြန်ရင်Condoမှာတစ်ယောက်ထဲပေါ့
-ကျောင်းမဆင်းသေးဘူးဆိုတော့ ခြယ်တစ်ယောက်ထဲပေါ့
-ဒါဆိုခြယ်ကို့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်လေ အဆင်ပြေလား
-ရတယ်ဗျာ့ သွားလေ
-Ok သွားမယ်ခြယ်
စစ်သွေးလဲဟိုနှစ်ကောင်ကိုခြယ့်ကိုမြင်ဖူးစေချင်တာနဲ့Dream Cafeမှာချိန်းလိုက်တယ်
ခဏကြာတော့
-ရောက်ပီခြယ်
-ဟုတ်
-ဟေ့ စစ်သွေး ဒီမှာ
တွေ့ပါပီ ရောက်နေကြပီ ဟိုနှစ်ကောင်က ခြယ်နဲ့တွေ့ပေးမယ်ပဲပြောရသေးတယ် မြန်ချက်ကတော့
-ခြယ်ထိုင် ဒီဘက်ကမင်းသတဲ့ ဟိုတစ်ယောက်ကစိုင်းမြတ်တဲ့ ကို့အချစ်ဆုံးသူငယ်ချင်းတွေ
-တွေ့ရတာဝမ်းသာပါတယ်ဗျာ့ ရောင်ခြယ်ခပါ
-တွေ့ရတာဝမ်းသာပါတယ်ကွာ ခြယ်နော်
-ဟေ့ကောင် ခြယ်ဆိုတာငါခေါ်တဲ့နာမည် တခြားဟာခေါ်
-အမလေးကွာ အေးပါ ညီလေးရေ ဒီကောင်ကတိုလိုက်တာကွာ
ခြယ်ကတော့ကြောင်တောင်တောင်ဖြစ်နေလေရဲ့ အကိုကသူ့သူငယ်ချင်းကခြယ့်ကိုခြယ်လို့ခေါ်တာမကြိုက်ဘူးတဲ့ဘာကြောင့်ရယ်မသိ အကို ကကလေးဆန်သား
စားသောက်ပီးတော့ဟိုအကိုနှစ်ယောက်ကပြန်
သွားပီ
-ခြယ် ကိုတို့လဲပြန်ကြမယ်
-ဟုတ် ပြန်မယ်ဗျာ့
ကားမောင်းနေရင်းလှမ်းကြည့်မိတော့ပြတင်းပေါက်ဖွင့်ပီးတိုက်လာတဲ့လေတွေကိုမျက်နှာနုနုလေးနဲ့ခံနေလေရဲ့ အဲ့လေတွေကိုယ်သာဖြစ်လိုက်ချင်တယ်လို့စစ်သွေးစိတ်ထဲမှာသာပြောဖြစ်ခဲ့တယ်
ပြတင်းပေါက်ကိုကြည့်နေတဲ့ခြယ်ဟာတကယ်ကိုချစ်စရာကောင်းတယ် မျက်လုံးလေးမှိတ်ပီးလေညှင်းခံပုံကဆွဲဖက်ချင်စရာ နှုတ်ခမ်းလေးကလဲပန်းရောင်လေးသန်းပီးချွန်နေရော သေချာတယ်သူခြယ့်ကိုချစ်နေမိပီ
ခြယ်ကိုခိုးကြည့်ရင်းမောင်းလာတာcondoရှေ့တောင်ရောက်နေပီ
-ကျေးဇူးတင်တယ်ဗျာ့ လိုက်ပို့တာရောမုန့်ကျွေးတဲ့အတွက်ရော မာမီ့ကိုလဲကျေးဇူးထပ်တင်တယ်လို့ပြောပေးနော်
-ဟုတ်ပါပီဗျာ
-ဒါဆို ခြယ်ဝင်တော့မယ်နော်
-အင်းခြယ် ညကျဖုန်းဆက်မယ်နော်ကို့ကိုစောင့်နေပေး
-ခြယ်စောင့်နေမယ်ဗျာ့
ခြယ်ဝင်သွားတာလေးကိုကြည့်ရင်း ကျနော်အချစ်တွေပိုသေချာသွားပီ ကျနော် ခြယ့်ကိုချစ်တယ်
ခြယ် ကို့အချစ်တွေကိုအခုခြယ်မြင်အောင်ထုတ်မပြထုတ်မပြောသေးပေမဲ့ တစ်နေ့နေ့မှာခြယ့်ကို ကိုယ်သေချာပေါက်ဖွင့်ပြောမှာမို့ ခြယ်စောင့်နေပေးဖို့မျှော်လင့်ပါတယ် ကိုယ်အလုပ်အတည်တကျဖြစ်အောင်ကြိုးစားပီခြယ့်ကိုပြည့်စုံအောင်ထားမှာမို့ ကိုဖွင့်ပြောလာမဲ့နေ့ကျခြယ်ကိုယ့်ကို စဥ်းစားပေးဖို့ဆုတောင်းတယ်
တစ်နေ့နေ့မှသေချာပေါက်ပြောမှာပါခြယ်
ခြယ့်ကိုသိပ်ချစ်တယ် လို့စိတ်ထဲမှာပဲအရင်ပြောထားလိုက်မယ်
-------------------------------------------------
သဘောကျကြမယ်ထင်ပါတယ် Voteလေးတွေပေးခဲ့ပါနော် Cmtလေးရေးပေးရင် ပိုအားရှိမှာပါ
Love u all🙆

𝑪𝒉𝒆𝒍♥︎(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now