"ဟဲ့​ စိတ်လျော့ သတိုးကိုသေချာမေးဦး စိတ်ထဲလဲသိပ်မထားနဲ့"

"​အေးပါ​ဟယ်​ ဒါပဲ​ ဒါပဲ​ ငါသတိုးကိုဖုန်းဆက်လိုက်ဦးမယ်"

"​Okay... See you "

ငါ့နှယ်နော်...။ အမျိုးမျိုးစိတ်ကိုမအေးရဘူး။ ဟိန်းသူနဲ့ပြောပြီး သတိုးကိုထပ်ဆက်ရပြန်သည်။

"​Hello...မမနှိုင်း"

"အေး​ မမနှိုင်းလုပ်မနေနဲ့ နင်ဘယ်လိုကောင်နဲ့တွဲနေတာလဲ"

တဖက်ကလဲအူတူတူနဲ့.... ။ စကားပြောရင်လေးလုံးမကွဲဘူး။ သတိုးတကယ်ကိုပြောင်းလဲသွားတာပဲ...။

"​ဘာလို့လဲ​ မမနှိုင်းရဲ့"

"ဘာမှမလဲဘူး သတိလှမ်းပေးတာ အ့​ကောင်က​ stalker လိုကောင်နော် သိပ်မယုံနဲ့ ဒါပဲ"

တစ်ဖက်ကပြန်အပြောကိုမစောင့်တော့ပဲ ဖုန်းချပစ်လိုက်တယ်...။ သက်ပြင်းလေးစိတ်မပါသလိုချရင်း အိပ်စက်ခြင်းကိုဦးစားပေးလိုက်ပါတော့တယ်...။

*****************************************

" Happy Birthday Ko Ko... ❤️"

လူကြားထဲ သုတကိုလက်ဆောင်လေးကမ်းရင်း​ ကောင်လေးနှုတ်ဖျားကထွက်လာတဲ့စကားကြောင့်အကုန်လုံးအံ့သြရပြန်သည်။

"လီးကို ကိုကိုလား သူတောင်းစားလေးစကားပြောရင် အနှောင့်မလွတ်အသွားမလွတ်"

အားလုံးကလဲ ဘာလဲဆိုတဲ့အကြည့်နဲ့... 🌚

"ကျွန်တော့်ထက်ကြီးလို့ ကိုကိုလို့ခေါ်တာလေ ကိုကိုကလဲ ကျွန်တော်ဘာမှားလို့လဲ"

မျက်နှာငယ်လေးနဲ့ပြောနေတဲ့ကောင်လေးဘေးလျှောက်သွားရင်း

"ဟုတ်သားပဲ ကိုကြီးသုတကလဲစိတ်ကြည့်ပဲ ကိုကိုလို့ခေါ်တော့ဘာဖြစ်လဲ သူ့အသားပဲ့ပါသွားတာကျနေတာပဲ... နော်"

သုတကိုလဲပြော ကောင်လေးဘက်ကိုလဲမေးငေါ့ရင်းပြောနေရှာတဲ့တုမနှိုင်း။ အစောကပဲ​ကမ္ဘာပြိုနေသလို မျက်နှာနဲ့ကုပ်နေပြီးတော့ ခုကြသူမဟုတ်တဲ့အတိုင်း...။ ဪ... မေ့နေတာပဲ တုမနှိုင်းပေပဲကိုး...။

"​ဒါနဲ့... ကောင်လေးက​ဘယ်သူလဲ​ တစ်ခါမှမမြင်ဖူးဘူးရော... "

ထပ်စပ်စုပြန်ပြီ...။ တခြားသူတွေကြည့်ပြန်တော့လဲ သိချင်တယ်ခုပြောဆိုတဲ့အထာနဲ့...။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now