အခန်း ၁ - အဲ့အယုတ်တမာကောင်က မင်းအဖေလား

10.8K 913 6
                                    

UNICODE

ညအမှောင်ကျရောက်လာသည်နှင့် ကျောင်းမြို့ရဲ့ ညကောင်းကင်ယံက နီယွန်မီးအလင်းရောင်တွေဖြာကျလာသည်။ တောက်ပတဲ့ ဒီမြို့ရဲ့ မြို့လယ်ခေါင်က Bar ရဲ့အရှေ့မှာတော့  ဗလတောင့်တောင့်နဲ့ လုံခြုံရေးက သူ့ရှေ့ရှိ ကောင်မလေးပိစိလေးကို ကြည့်နေသည်။ ၅မိနစ်ကြာပြီးတာတောင် ဒီကလေးမလေးက ထွက်သွားဖို့ ပုံစံမရှိတာကို တွေ့ရတော့ ထိုလုံခြုံရေးက မနေနိုင်တော့ဘဲ မေးတော့သည်။
"ကလေး ဘာလို့လဲ လမ်းပျောက်နေတာလား"
"ဟုတ်ဘူး"
"အဲဒါဆို ဘာလို့ ဒီမှာရှိနေရတာလဲ"
"သမီးပါးပါးကို လာရှာတာ"
"ဘာ"
လုံခြုံရေးက မျက်လုံးပြူးသွားသည်။ သူရှေ့ရှိ အကောင်ပေါက်လေးမှာ ၃နှစ်မဟုတ်ရင် ၄နှစ်မျှသာရှိဦးမည်။ ဆံပင်နှစ်ဖက်ကို ကျစ်ဆံမြီးသေးသေးလေး ချည်ထားပြီး အဖြူရောင်ချည်ဂါဝန်လေးဝတ်ထားသည်။ ပန်းရောင်ယုန်ပုံအိတ်လေးကို လွယ်ထားပြီး Suitcase သေးသေးလေးကို ကိုင်ထားသည်။

သူမလေးက သူမအဖေကို ဘာလို့ ဒီမှာလာရှာတာလဲ? ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ သူမသိလို့လား?

သူမရဲ့ လက်ပိစိလေးတွေက ဘားအဝင်ပေါက်ကို ညွှန်ပြပြီး မျက်တောင်လေးခပ်ရင်း ပြောလာသည်။ "သမီးပါးပါးက အထဲမှာ"

ထိုလုံခြုံရေးက ဒီကလေးမလေးက အရမ်းကို ချစ်ဖို့ကောင်းတယ်လို့ တွေးထင်သွားသည်။ သူမလေးရဲ့ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်ဖို့ကောင်းတဲ့ အသံလေးက သူ့ရဲ့ မာကျောနေတဲ့ အသည်းနှလုံးကိုတောင် အရည်ပျော်သွားစေသည်။ အိမ်ကိုခေါ်သွားပြီး သူမလေးကို ပြုစုပျိုးထောင်ပေးချင်စိတ်တောင်ဖြစ်သွားသည်။ ဒါပေမယ့် သူမလေးမှာ အဖေရှိသည်။

"သမီးပါးပါးက အထဲမှာဆိုတာ သမီးသေချာလား... ဦးလေးက သမီးပါးပါးကို သွားရှာဖို့ ခေါ်သွားပေးရမလား"

ကလေးမလေးက လုံခြုံရေးရဲ့ ကမ်းလှမ်းလာမှုကို လက်ခံဖို့ လုပ်တော့မယ့်အချိန်မှာ ဘားရဲ့တံခါးက ပွင့်လာသည်။ မူးနေတဲ့ လူတစ်ယောက် သူ့ခေါင်းကို ကုတ်ရင်း ယိုင်ထိုးပြီးထွက်လာသည်။ အကြည့်တစ်ချက်နဲ့တင် ထိုကလေးမက သူ့ကို မှတ်မိသွားသည်။ သူကသူမလေးရှာနေသည့် သူ စုရှန်းကျင်းဖြစ်သည်။

ကူးပြောင်းလာပြီးတဲ့နောက်မှာ ငါလေးက ဝန်ထုတ်ဝန်ပိုးကလေးလေး ဖြစ်လာတယ်Where stories live. Discover now