"အင်း ကိုယ်မှတ်မိတယ်.."

"အကိုနဲ့ခင်တဲ့အချိန်ထိကျွန်တော်မသိသေးဘူး...
အကိုနဲ့ကျွန်တော်အတူထိုင်ပြီးစကားတွေပြောနေတာအမြဲတွေ့နေရတော့ ဝမ်းကွဲအကိုက လာမေးတယ်...
ကျွန်တော့်ကိုရာရှင်းသန့်နဲ့သိတာလားတဲ့...
ရာရှင်းသန့်က့်က မင်းအစ်မရည်းစားရဲ့ညီတဲ့...
အဲ့အခါကျမှ ကျွန်တော်သိလိုက်ရတာ.."

"သြော်..."

"အဲ့တာနဲ့ ကျွန်တော်အကိုနဲ့မပတ်သတ်ဖို့ဆုံးဖြတ်ခဲ့တယ်...
အကို ကားတိုက်မလိုဖြစ်မယ့်နေ့က ကျွန်တော်အကို့အနောက်မှာရှိတယ်...
အကိုချိန်းတဲ့အချိန်လာခဲ့ပေမယ့် အကိုဆီမလာဘဲ ကျွန်တော်အပြင်မှာပဲနေနေခဲ့တာ.."

"အဲ့တာကြောင့် နောင်ကိုယ့်အသက်ကိုကယ်လိုက်နိုင်တာပေါ့..."

ရှင်းသန့်ပြောလိုက်တော့ နောင်ကပြုံးသည်။

"နောင်သိလား အဲ့နေ့ကတည်းကကိုယ်ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်...
ကိုယ့်ရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံး နောင်နဲ့ပဲအတူရှိသွားမယ်လို့...
ကိုယ်ဘယ်ရောက်နေမှန်းမသိဖြစ်နေတဲ့အချိန်မှာ နောင့်ကိုမြင်လိုက်ရတော့ ကိုယ်အရမ်းဝမ်းသာသွားတာ...
နောင့်ဘေးမှာ နေခွင့်ရတဲ့အချိန်တွေက ကိုယ့်အတွက် အပျော်ရွှင်ဆုံးပဲ..."

"ဒါပေမယ့် ကျွန်တော်အကိုပေါ်မကောင်းခဲ့ဘူးလေ.."

"ဟင့်အင်း နောင်ကိုယ့်အပေါ်အရမ်းကောင်းခဲ့တယ်...
အပြောဆိုးပေမယ့် ကိုယ့်မိဘတွေပြီးရင် နောင်ဟာ ကိုယ့်အပေါ်အကောင်းဆုံးလူပဲ..."

"အဲ့လောက်တောင်ပဲလား.."

"အဲ့ထက်ကိုပိုတယ် နောင်..."

သူပြောလိုက်တော့ နောင်ကပြုံးသည်။ ရှင်းသန့်မျက်နှာလေးကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းလေးကို နမ်းလိုက်သည်။ ရှင်းသန့်ကလည်း နောင့်ခါးကိုဖက်ကာ အနမ်းတွေကိုတုံ့ပြန်လာသည်။

"ဖေဖေ လွှတ်...
ပါပါးကိုကိုက်နဲ့..."

အသံသေးသေးလေးနဲ့အတူ ဝတ်ထားတဲ့စွပ်ကျယ်အင်္ကျီကိုဆွဲနေတာကြောင့် နောင်ခန္ဓာကိုယ်ဟာ ရှင်းသန့်နားကနေကွာသွားသည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now