Give me the last chance(1)

1.7K 148 27
                                    

Unicode

PS. သင်တို့သာဆိုလျှင် ကိုယ့်ကိုအရမ်းချစ်ပေးခဲ့တဲ့exကိုပြန်ရချင်ရင် ဘယ်လိုလုပ်ကြမှာလဲ ? မရရအောင်ပြန်လိုက်မှာလား

/ငါမှ ငါ ဖြစ်နေတဲ့လူကိုတောင်
စိတ်ပျက်သွားစေတဲ့အထိ
ငါကစိတ်ပျက်ဖို့ကောင်းတယ် /

လိုင်းသုံးနေတုန်း ‌တွေ့လိုက်ရသည့်စာစုလေးတစ်ခုကြောင့် ကျွန်တော် အဆင်မပြေတော့။

ရင်ဘတ်ကချက်ချင်းအောင့်တက်လာပြီး
မျက်ရည်တွေဝေ့ဝဲကျလာခဲ့သည် ။

စာစုတိုလေးတစ်ခုမြင်ရုံနဲ့တင် ရင်တွေအရမ်းနာကျင်ပြီးငိုကြွေးရသည်အထိကျွန်တော်သူ့အချစ်တွေကိုစော်ကားမိခဲ့ပါသည် ။

right personနဲ့တွေ့ရင် ဘ၀က ပျော်ဖို့ကောင်းလာတယ်တို့..
မကောင်းတဲ့လူတွေနဲ့ ကြုံတွေ့ရတယ်ဆိုတာ
နောက်ဆုံးပိတ်မှာကိုယ်မှကိုယ် ဖြစ်နေမယ့်လူနဲ့တွေ့ရမှာမို့ တို့..
အစရှိသဖြင့် စာတိုလေးတွေ မြင်တဲ့အချိန်တိုင်း ကျွန်တော့်မှာ ရူးမလို ဖြစ်ရသည် ။

ပြီးတော့ ကျွန်တော်လုပ်ခဲ့သမျှအမှားတွေနဲ့
သစ္စာမဲ့မှုတွေအကုန်မျက်လုံးထဲ ပြန်မြင်လာပြီး သည်းသည်းထန်ထန်ငိုကြွေးမိကာ
၀ဠ်လိုက်နေသလိူမျိုး နာကျင်စွာခံစားရသည် ။

ကျွန်တော့်စိတ်ထင် ကျွန်တော်အခုငိုကြွေးနာကျင်နေရသမျှဟာ တစ်ချိန်က သူနာကျင်ခဲ့ရသမျှဖြစ်မည်ထင်သည် ။

သူငယ်ချင်းတွေပြောနေကြအတိုင်း ကျွန်တော်တစ်ကယ်ပဲ သူ့မေတ္တာတွေစူးနေပြီဖြစ်သည် ။

ည ဆယ့်တစ်နာရီကျော်အချိန်မှာ မျက်လုံးတွေပေါက်ထွက်မတတ်ငိုကြွေးမိပြန်သည် ။

နှစ်နှစ်ရှိခဲ့ပြီဖြစ်သည် ။
ကျွန်တော်သူ့ကို လမ်းခွဲခဲ့တာ..
သူ့ကိုပြန်ပြီး‌တောင်းပန်ခယခဲ့ပေမယ့် သူပြန်လက်မခံခဲ့တာ..
ဒီတခါကျွန်တော် တကယ် လိမ်လိမ်မာမာနေတော့မည်ဖြစ်ကြောင်း သစ္စာစကားတိုင်တည်ပြောဆိုခဲ့ပေမယ့် ကျွန်တော့်သူငယ်ချင်းတွေကအစ မယုံကြည်ပေးခဲ့ကြတော့တာ..။

ဒီ၂နှစ်အတောအတွင်း ရည်းစားထားလို့ရနိုင်တဲ့ အခြေအနေတွေအများကြီးကြုံတွေ့ခဲ့ရပေမယ့် ကျွန်တော်မထားခဲ့။
အတိအကျပြောရရင် ကျွန်တော့်ဘ၀မှာ သူ့တစ်ယောက်တည်းကိုသာ ပြန်လိုချင်တာဖြစ်ပြီး တခြားလူတွေကို မလိုအပ်တော့ လို့ဖြစ်သည် ။

One Shot & mini storiesWhere stories live. Discover now