အခန်း (၄၀)/(က)

Start from the beginning
                                    

မင်္ဂလာဧည့်ပရိသတ်များမှာ ကြက်သေသေသွားကာ မိဖုရားခေါင်ကြီးမှာ သေလုမတတ် ထိတ်လန့်သွားသည်။ သို့သော် မုမိဖုရားကား သူမခေါင်းကို ငုံ့ကာ အပျော်တို့ကို ဖုံးကွယ်လိုက်သည်။

"မင်း ဘာပြောလိုက်တယ်!" ဘုရင်မင်းမြတ်က မေးလိုက်၏။

"ခမည်းတော်ကို သားတော် အရှက်ရစေမိပါတယ်" ဖေ့လန် ပြောလိုက်သည်။ "ခမည်းတော်
သားတော်ရဲ့ အိမ်ရှေ့စံရာထူးကို ရုတ်သိမ်းပေးတော်မူပါ"

ဘုရင်မင်းမြတ် သွေးအန်သွားသည်။

"အရှင်မင်းကြီး" မင်္ဂလာဧည့်ပရိတ်သတ်များက အော်ဟစ်လိုက်ကြသည်။

အိမ်ရှေ့စံမင်းသားနှင့် ရန်ရှီးထင်တို့၏ မင်္ဂလာပွဲကား မင်္ဂလာရှိသောနေ့တစ်နေ့ မဟုတ်ခဲ့။ ကံဆိုးမိုးမှောင်ကျခဲ့သောနေ့ဖြစ်ခဲ့ခြင်းသာ။ မင်္ဂလာဧည့်ပရိသတ်များအားလုံး မင်္ဂလာခန်းမထဲမှ အလျင်အမြန် ထွက်လာခဲ့ကြသည်။

မြင်းလှည်းထဲတွင် ရန်ရှီးနဥ်သည် ဖေ့ကျင်းကို ဖက်လိုက်သည်။ သူမနှလုံးသားနှင့် လက်များမှာ အေးပြီး တုန်ခါနေသည်။ မင်္ဂလာခန်းမကနေ ဆွဲထုတ်ခံရသော ရန်ရှီးထင်၏ပုံရိပ်နှင့် ရန်ရှီးထင်၏ သနားစဖွယ် ငိုကြွေးသံများကို သူမ မတွေးမိဘဲမနိုင်။ ရန်ရှီးထင် ဘာဆက်ဖြစ်မလဲ သူမ တွေးရမည်ကို ​စိုးထိတ်လှသည်။

ဖေ့ကျင်း ရန်ရှီးထင်၏ အေးစက်နေသောကိုယ်လေးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး သူမလက်များကို ဆုပ်ကိုင်ထားလိုက်သည်။

"ဖေ့ကျင်း ရန်ရှီးထင် ဘာဆက်ဖြစ်မယ်လို့ ရှင်ထင်လဲ" ရန်ရှီးနဥ် မေးလိုက်၏။

"အစတုန်းကတော့ သူ ခေါင်းဖြတ်ခံရမှာ" ဖေ့ကျင်း ပြော၏။ "ဒါပေမယ့် အခုတော့ သူ ရူးသွားတယ်လေ"

ရန်ရှီးနဥ်နှလုံးသားလေးထဲတွင် နောင်တရသလို ခံစားလိုက်ရသည်။

"ဖေ့ကျင်း ကျွန်မ တအား ရက်စက်သွားသလား" ရန်ရှီးနဥ် မေး၏။

"ရှီးနဥ် လုပ်ပြီးသွားရင် မှန်လား မှားလား စဥ်စားနေစရာ မလိုဘူး" ဖေ့ကျင်း မေးလိုက်၏။ " သူ ရူးတာ မင်းအမှားမှ မဟုတ်တာ"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now