အခန်း (၂၅)/(ခ)

Start from the beginning
                                    

ရန်ရှနဥ်မှာမူကား တစ်၀က်ကဖေ့ကျင်းပြောတာယုံသော်လည်း တစ်၀က်ကတော့မယုံ။ အကယ်၍ အနောက်မှာ တိတ်တိတ်လေး လိုက်လာတ​ဲ့သူရှိနေသေးရင် သူမကလည်း ဆက်ပြီးသရုပ်ဆောင်နေရဦးမှာပဲ မဟုတ်လား။

ထိုစဥ် ရန်ရှီးနဥ်နှင့် ဖေ့ကျင်း၂ယောက်လုံး ရင်းနှီးနေသည့်တစ်စုံတစ်ယောက်ကို သတိထားလိုက်မိကြသည်။ သူမက သူ့လက်မောင်းကိုဆွဲရင်း ရပ်ခိုင်းလိုက်သည်။

"အကိုကြီး ဘယ်သူနဲ့တူလဲ ကြည့်ပါဦး?"
ရန်ရှီးနဥ်က မေးလိုက်သည်။

ဖေ့ကျင်း၏ မျက်လုံးများက ရန်ရှီးနဥ်အကြည့်နောက်သို့ လိုက်ကြည့်လိုက်တော့ ဆေးဆိုင်တစ်ခုအတွင်းမှထွက်လာသည့် အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမပုံစံကရင်းနှီးနေကာ အထုပ်တစ်ထုပ်ကိုလည်းကိုင်ထားသေးသည်။

"မုဆိုးမလီလား?" ဖေ့ကျင်းက မေးလိုက်သည်။

ရန်ရှီးနဥ်ကတော့ သူမမျက်စိမမှားတာကြောင့်ရော ဖေ့ကျင်းမှတ်မိတာကြောင့်ရော အတော်လေး ပျော်နေလေသည်။

ဖေ့ကျင်းမှာလည်း ရန်ရှီးနဥ်က သူ့လက်မောင်းကိုကိုင်ထားသဖြင့် ပျော်နေသည်။ သူမက သူ့ကို မုဆိုးမလီထံသို့ ဆွဲခေါ်သွား၏။

ဆေးဆိုင်မှ ဆေး၀ယ်ခဲ့ပြီးနောက် လေးလံသောခြေလှမ်းများဖြင့် မုဆိုးမလီတစ်ယောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။သူမရှေ့တွင် လာရပ်သည့်လူနှစ်ယောက်ကိုတွေ့သည့်အခါ ပို၍ပင်စိတ်တွေလေးလံသွားကာ ဖြူလျော်သွားတော့သည်။

"သခင်မလေးရန်" မုဆိုးမလီက ဆိုလိုက်သည်။

ရန်ရှီးနဥ်ကတော့ မုဆိုးမလီကိုတွေ့ရလို့ပျော်နေသော်ငြား ဖေ့ငျသ်းကတော့ မုဆိုးမလီတစ်ယောက် ဘာကြောင့် ရန်ရှီးနဥ်ကိုကြောက်သည့်ဟန်ပေါ်နေလဲဆိုတာကို နားမလည်နိုင်ဖြစ်နေသည်။

"မုဆိုးမလီ....ဒေါ်ဒေါ် တောင်ပိုင်းကိုသွားမယ်လို့ပြောခဲ့တာမဟုတ်ဘူးလား" ရန်ရှီးနဥ်က ပြောလိုက်ခြင်းပင်။
"ဘာလို့ အခုနန်းမြို့တော်ထဲကို ရောက်နေတာလဲ?"

မုဆိုးမလီက သူမဆံပင်ကိုပြင်ဟန်ဆောင်ရင်း သင့်လျော်သည့်အကြောင်းပြချက်ပေးရန်ကြိုးပမ်းနေတော့သည်။
"ကျွန်...ကျွန်မ တောင်ပိုင်းက အကို၀မ်းကွဲဆီကိုသွားလည်ဖို့ပြင်ထားတာ။ ဒါပေမယ့် သူက နန်းမြို့မှာကုန်ကူးချင်တယ်ဆိုလို့ဒီကိုရောက်လာတာပါ"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now