"ဟုတ်.."

"မိုးချုပ်နေပြီ မငိုရဘူးနော် တိတ်တိတ်...
ဖေဖေမုန့်ဝယ်လာတယ် ထမင်းစားပြီးရင်စားနော်.."

နောင်ပြောလိုက်တော့ သားကအငိုတိတ်သွားသည်။ နောင်လည်း သားကိုချီလိုက်ပြီး မီးဖိုဆောင်ထဲဝင်လိုက်သည်။

"ဟင်းနံ့လေးကလည်းမွှေးလိုက်တာကွာ ဗိုက်တောင်ဆာလာပြီ.."

"စားလို့ရပါပြီ ထိုင်လေ.."

"ပါပါး.."

နောင်ကိုယ်ပေါ်ကနေ သားကသူ့ကိုခေါ်လာသည်။

"ဘာတုန်း.."

"ချီ ချီ.."

လက်ကားပြီး ချီခိုင်းနေတဲ့သားကို ရှင်းသန့်မချီဘဲ ခုံမှာဝင်ထိုင်လိုက်သည်။

"မချီပါဘူး မင်းဖေဖေကိုတနေတာ မင်းဖေဖေပေါင်ပေါ်နေပေါ့.."

"ဟင့် ပါပါး.."

"အကိုကလည်းဗျာ သားကိုငိုအောင်မလုပ်ပါနဲ့...
ချီလိုက်ပါ..."

"ပါပါး.."

ငိုမဲ့မဲ့မျက်နှာလေးလုပ်ပြနေတော့ ရှင်းသန့်မှာမနေနိုင်။ လှမ်းချီလိုက်တော့ အဆိုးလေးက ပါးကိုနမ်းလာသည်။

"ပါပါးကို ချစ်ရယ်နော်.."

"အဟက်! လူလည်လေး..."

ပေါင်ပေါ်က အဆိုးလေးကိုငုံ့နမ်းလိုက်ပြီး ထမင်းခွံ့ပေးလိုက်သည်။

"နောင် ထည့်စား.."

"အင်း အကိုလည်းစား.."

ပုံမှန်အတိုင်း ဟင်းတွေတစ်ယောက်တစ်လှည့်ဆီထည့်ပေးပြီး နောင်တို့ညစာ စားလို့ပြီးသွားသည်။ ထမင်းစားပြီးတော့ ငိုထားတဲ့အဆိုးလေးက ရှင်းသန့်ကိုယ်ပေါ်မှာပဲအိပ်ပျော်သွားသည်။ သားကိုဘေးမှာသေချာသိပ်လိုက်ပြီး ရှင်းသန့် ဘေးမှာပက်လက်လှန်အိပ်နေတဲ့နောင့်ဘက်ကိုမျက်နှာလှည့်လိုက်သည်။

"နောင် ဘာဖြစ်လို့လဲ?...
အိပ်မပျော်ဘူးလား.."

"အင်း ဒီလိုပဲတွေးစရာလေးရှိနေလို့ပါ.."

"ဘာကိစ္စပဲရှိရှိ ကိုယ့်ကိုရင်ဖွင့်လေ.."

သူပြောလိုက်တော့ နောင်က သူ့ဘက်ကိုလှည့်လာသည်။ သူ့ကိုယ်လေးကိုရင်ခွင်ထဲထည့်ပြီး ဖက်ထားသည်။

"နောက်၂ရက်ဆို မေမေနဲ့မမဆုံးတာ ၅နှစ်ပြည့်ပြီလေ...
အဲ့တာမေမေနဲ့မမကိုသတိရမိလို့ပါ..."

"သြော်...
အင်း ကိုကြီးဆုံးတာလည်း ၅နှစ်ပြည့်ပြီပဲ...
ဖေဖေပြောတာတော့ ဖေဖေတို့ကိုးကွယ်တဲ့ဘုန်းဘုန်းကျောင်းမှာဆွမ်းကပ်မယ်တဲ့...
ကိုယ်တို့အတူသွားကြမလား..."

ရှင်းသန့်ပြောလိုက်တော့ နောင်ခေါင်းညိတ်ပြသည်။

"အင်း သွားမယ်လေ...
အကို့အဖေက ကျွန်တော်ပါရင်ဘာမှမပြောလောက်ဘူးမလား.."

"ကိုယ်ပါနေတာပဲနောင်ရယ်...
ဖေဖေ နောင့်ကိုဘာမှမပြောပါဘူး.."

"အင်းပါ..."

ရှင်းသန့်ကိုယ်လေးကိုတင်းတင်းဖက်ထားလိုက်သည်။

"နောင်ဘေးမှာ ကိုယ်အမြဲရှိနေတယ်နော်.."

"အင်း ကျွန်တော်သိတယ်..."

ပြောပြီး ရှင်းနဖူးလေးကိုခပ်ဖွဖွနမ်းလိုက်သည်။ မေးစေ့လေးကနေကိုင်ပြီး နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။ နမ်းနေကြဖြစ်ပေမယ့် အမြဲချိုနေတဲ့ဒီနှုတ်ခမ်းက နောင့်အတွက်စွဲမက်စရာပင်။ ထိုညက၂ဦးသား အချိန်တွေအကြာကြီး နှုတ်ခမ်းချင်းထပ်တူကျခဲ့ကြသည်။








________________________________________________________

နောင့်လိုပဲ ရှင်းသုတနောင်ကလည်း နားလည်ရခက်တဲ့ကောင်လေးပါ😊

22.7.2021

💙Chel💙

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now