"ရွှတ် ဟုတ်.."
တင်ပါလေးကိုပုတ်ပြီးသိပ်လိုက်တော့ မကြာဘူးအိပ်ပျော်သွားတဲ့အဆိုးလေး...
သားက တခါတလေ အရမ်းကောင်းသလို တခါတလေကျရင်လည်း အရမ်းဆိုးတာ...
အကျင့်ကသူ့ဖေဖေအတိုင်းပဲ...____________________________
"ဖေဖေ့ဆီသွားမယ် သွားမယ် အီး ဖေဖေ့ဆီသွားမယ်လို့..."
"ရှင်းသုတနောင် မင်းအရမ်းဆိုးတာပဲ...
ဖေဖေက ခြံထဲသွားတာလေ...
မင်းကလိုက်သွားပြီးဘာလုပ်မှာလဲ?..""ဟင့်အင်း သွားမယ် ဟင့်.."
အိပ်ရာကထလာတော့ ကလေးတို့သဘာဝအရ ရှင်းသုတနောင်တို့ကောက်လေပြီ။ အိမ်ထဲမှာကောက်ကွေးတွန့်လိမ်နေတဲ့ရှင်းသုတနောင်ကို ရှင်းသန့်ဘယ်လိုလုပ်ပေးရမလဲမသိတော့။ ရေချိုးပြီးသားကို မျက်ရည်တွေနှာရည်တွေနဲ့ညစ်ပတ်နေသည်။ ညနေဘက်ကြီးဖြစ်တာကြောင့် ခြံထဲကိုလည်း သူလိုက်မပို့ချင်။ မှောင်လို့လိုက်ပို့ရင် နောင်ကဆူဦးမည်။
"သားရေ ဖေ့သားရေ.."
ခြံဝကနေအော်လာတဲ့နောင့်အသံကိုကြားတာနဲ့ အငိုတိတ်သွားသည်။
"အီးဟီး ဖေဖေ ဟင့် ရွှတ်.."
"ဖွက် ဖွက်...
ဟင် ဖေ့သားလေး ဘာလို့ငိုနေတာလဲ?.."နောင်ကအိမ်ထဲဝင်လာပြီး လွယ်အိတ်ကိုတိုင်မှာချိတ်ကာ ငိုနေတဲ့သားကိုကောက်ချီလေသည်။
"သားကဘာဖြစ်လို့ငိုနေတာလဲ?အကို.."
"နောင့်သားကိုနောင့်ဘာသာမေးကြည့်.."
သူဖေဖေချီလိုက်ရော အငိုတိတ်သွားတဲ့သားကြောင့် ရှင်းသန့်ဘာမှမပြောချင်တော့။ အရင်ကသူမှသူဖြစ်နေပြီး သားကအခုကျ သူ့အဖေကိုပိုပြီးခင်တွယ်နေတော့ သူစိတ်မကောင်းပေ။
"ဘာဖြစ်တာလဲဟ...
ဒီသားဖ၂ယောက် ဘာတွေဖြစ်နေကြတာလဲ?..""ဟင့် ဖေဖေ..."
"အင်း ဖေဖေ့သားလေးဘာလို့ငိုနေတာလဲ?..."
"ဝက်တွေကြည့်ချင်တာ ပါပါးလိုက်ပို့ဝူး ရွှတ်.."
"ဟုတ်လား ပါပါးကတော့ ကလေးကကြည့်ချင်နေတာကို လိုက်မပို့ဘူး...
မနက်ဖြန်ကျ ဖေဖေခေါ်သွားမယ်နော် ဟုတ်ပြီလား.."
YOU ARE READING
ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)
Fantasyကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️
Part-39(Uni)
Start from the beginning