ကဗျာထဲကမျက်ရည်စများ😭

77 7 0
                                    

မင်းအတွက်သာ....❤
စတေးမှု့တွေများစွာရင်းနှီးမယ့်သူ။
ငါ.အချစ်သူရဲကောင်း...
နှလုံးသားတစ်စိုင်လုံးပြာကျမတတ်
သွေးစက်လက်နဲ့ ခံစားချက်တွေ
ခါးခါးရှရှလေး။

မင်းအတွက်သာ...💚
အတွေး...အတွေးများစွာပြုတ်ကျခဲ့သူ
ငါ..အချစ်ရူးမို့
ဦးနှောက်တစ်ခဲလုံးကဲွ ပြိုမတတ်
အပျက်ပျက်နဲ့နှာခေါင်းသွေးတွေ
နီနီညိုညိုလေး။

မင်းအတွက်သာ....💛
အိမ်မက်များစွာလိုရာကိုသာဆွဲမက်ခဲ့သူ...ငါ တစ်ဖက်သတ်လေ...
ညတစ်ညလုံးမေ့မြောမတတ်မက်မောမှု့နဲ့ မူးယစ်ခြင်းတွေ ရီရီဝေဝေလေ။

မင်းအတွက်သာ....💜
မနက်ဖြန်များစွာ ရှင်သန်မဲ့သူ
ငါ...ပေးဆပ်သူသက်သက်
ဘဝတစ်ခုလုံးမီးတောက်မတတ်
တပ်မက်မှု့နဲ့ ရူးသွပ်ခြင်းတွေ
ဖျောက်ဖျောက်တောက်တောက်လေး။

မင်းအတွက်သာ....💙
ဒဏ်ရာများစွာ ဆုရခဲ့သူ
ငါ...အဆွေးသမား
စာမျက်နှာ တစ်ပြင်လုံးပေါက်ထွက်မတက် ရေးစပ်ရင်းနဲ့ ငိုရှိုက်သံတွေ
တိုးတိုးအက်အက်လေး။

🍁mp🍁

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Zawgyi

ကဗ်ာထဲကမ်က္ရည္စမ်ား😭

မင်းအတွက်သာ....❤
ငါ.အချစ်သူရဲကောင်း...
ခါးခါးရှရှလေး။

မင်းအတွက်သာ...💚
ငါ..အချစ်ရူးမို့
ဦးနှောက်တစ်ခဲလုံးကဲပြိုမတတ်
နီနီညိုညိုလေး။

မင်းအတွက်သာ....💛

မင်းအတွက်သာ....💜
ငါ...ပေးဆပ်သူသက်သက်

မင်းအတွက်သာ....💙
ငါ...အဆွေးသမား
တိုးတိုးအက်အက်လေး။

🍁mp🍁

my pome(ကဗျာများ)Where stories live. Discover now